ဒါဟာ အစ္စရေးနိုင်ငံသားနည်းနည်းလောက်ကပဲ တစ်ကြိမ် တစ်ခါလောက်စဉ်းစားခဲ့ဖူးကြမယ့် မဖြစ်နိင်လောက်တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။

#အက်တက်တက်ညွန့်ပေါင်း
လက်ဝဲယိမ်း၊အလယ်အလတ်သမား၊လက်ယာယိမ်းနှင့်အာရပ်ပါတီတွေဆိုပြီး နာတာယာဟုကိုဖြတ်ချဖို့ တစ်ခုကိုပဲညီညွတ်နိုင်တဲ့ ၆၀-၅၉မဲ အယုံအကြည်ရှိမဲပါးပါးကလေးသာရှိတဲ့ ညွန့်ပေါင်းအစိုးရအနေနဲ့ ကွဲအက်သွားဖို့က များနေပါတယ်။ တဲလ်အဗစ်မြို့မှာတော့ နှစ်နှစ်အတွင်းအဖြေမပေါ်တဲ့ရွေးကောက်ပွဲလေးခုအပြီးမှာ ယခုထွက်ပေါ်လာ တဲ့ရလဒ်ကို လူထောင်ပေါင်းများစွာက ထွက်ကြိုဆိုကြပါ တယ်။

#အောင်ပွဲခံသူကခံ
“ အစ္စရေးမှာ ခေတ်တစ်ခုအဆုံးသတ်သွားတဲ့အတွက် ကျွန်တော်ဒီကိုလာပြီးအောင်ပွဲခံတာပါ” လို့ ရာဘင်ရင်ပြင်မှာရောက်နေတဲ့ အီရက်ဇ်ဘိုင်ဇူနာကပြောပါတယ်။ “ သူတို့ကို အောင်မြင်စေချင်တယ်။ ကျွန်တော်တို့နှင့်တစ်သွေးတည်းတစ်သားတည်းဖြစ်စေချင်တယ်” လို့ သူကဆက်ပြောပါတယ်။သူ့အနား မှာ လူတွေဟာ အလံတွေဝှေ့ယမ်းရင်း အစိုးရသစ်ရဲ့တေးသီးချင်းကိုသီဆိုခုန်နေကြပါတယ်။

#ကိုယ်ပြန်လာမည်
ဒါပေမယ့် အသက်၇၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်ပွဲအသင့်ဖြစ်နေသူ နာတာယာဟုက လူတွေထင်ထား တာထက် စောပြီးသူပြန်လာမယ်လို့ပြောပါတယ်။ “ ကျွန်တော်တို့အတိုက်အခံဖြစ်သွားရင် အတိုက်အခံ အဖြစ်နဲ့ပဲ သူတို့ကိုပြတ်ကျသွားအောင်လုပ်ပစ်မယ်” လို့ ပါလီမန်မှာ ဘင်နက်ကျမ်းသစ္စာမပြုခင် သူက ပြောပါတယ်။

#ပြသနာကြီးတွေမကိုင်သေး
အစိုးရသစ်က အန္တရာယ်ရှိတဲ့ နိုင်ငံတကာအရေးကိစ္စတွေဖြစ်တဲ့ ပါလက်စတိုင်းမူဝါဒလိုမျိုးကို ရှောင်ရှား ပြီး ပြည်တွင်းပြုပြင်ပြောင်းလဲမှုတွေကို အာရုံစိုက်လုပ်ဆောင်ဖို့ အစီအစဉ် ကျယ်ကျယ်ပြန့်ပြန့် ချထားပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အစိုးရသစ်ကိုကြိုဆိုဂုဏ်ပြလိုက်ပြီး နှစ်နိုင်ငံကြားနီးကပ်ပြီးအဓွန့်ရှည် တဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းလာစေဖို့ မျှော်လင့်ကြောင်း ပြောကြား လိုက်ပါတယ်။