Published 4 March 2022

ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာ ဇီလင်စကီးဟာ ရုရှားသမ္မတ ဗလက်ဒီမာ ပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန် အဆင်သင့် ရှိကြောင်း အရိပ်ပြပြောဆိုလိုက်ပါတယ်။ လက်ရှိဖြစ်နေသည့် ပဋိပက္ခနှင့်ပတ်သက်ပြီး အိမ်နီးနာချင်းများကဲ့သို့ နှစ်ယောက် အတူထိုင်ကြရင်မကောင်းဘူးလားဟု အကြံပြုပြောဆိုခဲ့တာဖြစ်ပါတယ်။

“ ခင်ဗျား ကျွန်တော်တို့ဆီက ဘာလိုချင်တာလဲ။ ကျွန်တော်တို့မြေကထွက်သွားပေးပါ။ အခုမထွက်သွားချင်သေးဘူးဆိုရင်  စေ့စပ်ဆွေးနွေးပွဲ စကားဝိုင်းမှာ ကျွန်တော်နှင့်အတူထိုင်ကြရအောင်။ ကျွန်တော်အဆင်သင့်ရှိပါတယ်” လို့ ဇီလင်စကီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်နှင့်အတူထိုင်ပါ။ ဒါပေမယ့် မာခရွန်၊ရှိုးနှင့်အခြားသူတွေနှင့်တုန်းကလို မီတာ၃၀အကွာတော့မဟုတ်ဘူးပေါ့ဗျာ။ ကျွန်တော်တို့က အိမ်နီးချင်းလေ။ မီတာ ၃၀ ခွာထိုင်စရာမလိုပါဘူး” လို့ သူကပြောပါတယ်။

ရုရှားက ကာလရှည်ကြာပြောဆိုနေတဲ့ လုံခြုံရေးအာမခံချက်ကိစ္စ သတင်းထောက်တွေက မေးတဲ့အခါ သူက အဲဒီခေါင်းစဉ်ကို ဘေးချိတ်လိုက်ပါတယ်။ မော်စကိုရဲ့လိုလားချက်တွေဟာ အခြေအမြစ်မရှိဘူး။ ယူကရိန်းဟာ အဲဒါတွေနှင့်ပတ်သက်လို့ ဘာမှပြောစရာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

Source RT/Agencies