Published 5 Feb 2023

ပါကစ္စတန်သမ္မတဟောင်းနှင့် စစ်တပ်အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချူပ်ကြီး ပါဗေးမူရှာရက်ဟာ ဒူဘိုင်းက ဆေးရုံ တစ်ရုံမှာ တနင်္ဂနွေနေ့ ဖေဖော်ဝါရီ (၅)ရက် မနက်က ကွယ်လွန်သွားတယ်လို့ မီဒီယာများရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ အသက် ၇၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်ချူပ်ကြီး ပါဗေးမူရှာရက်ဟာ ၂၀၁၉ခုနှစ်ကတည်းကမကျန်းမာခဲ့တာ ဖြစ်ပြီး  နှလုံးရောဂါနှင့်သွေးတိုးရောဂါတွေကြောင့် မကြာသေးမီက ကျန်းမာရေးအခြေအနေပိုဆိုးရွားလာခဲ့ပါတယ်။

မူရှာရက်ဟာ amyloidosis အမ်မလိုဒိုဆစ် လို့ခေါ်တဲ့ ပုံမှမဟုတ်တဲ့ အမ်မလွိုက်ပရိုတိန်းကြောင့်ဖြစ်ပေါ်ရတဲ့ ဖြစ်တောင့်ဖြစ်ခဲ ရောဂါတစ်မျိုးခံစားနေခဲ့ရပါတယ်။

၁၉၉၉ခုနှစ်မှာ ပါကစ္စတန်နိုင်ငံရဲ့ သွေးထွက်သံယိုမဲ့ အာဏာသိမ်းမှုကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ချူပ်ကြီး မူရှာရက်ဟာ အဲဒီတုန်းက ဝန်ကြီးချုပ် နာဝါရှာရစ်နှင့်သူ့အဖွဲ့တွေကို ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒူဘိုင်းက အမေရိကန်ဆေးရုံမှာ ကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

မူရှာရက်ဟာ ၂၀၁၆ခုနှစ် မတ်ချ်လကတည်းက ဒူဘိုင်းမှာနေထိုင်ခဲ့ပါတယ်။ သူဟာ ၂၀၀၇အခြေခံဥပဒေကို ဆိုင်းငံ့ ထားခဲ့တဲ့အတွက် ၂၀၁၃ခုနှစ်တုန်းက အစိုးရလုပ်ခဲ့တဲ့ ပါကစ္စတန်မူစလင်အဖွဲ့ချုပ်-နာဝက်စ်က သူ့ကို  နိုင်ငံတော်သစ္စာဖောက်မှုနှင့်တရားစွဲဆိုတာကို ရင်ဆိုင်ခဲ့ရပါတယ်။

သူဟာ ဒူဘိုင်းကိုဆေးကုသခံဖို့သွားရင်းနှင့် အဲဒီကတည်းကလုံခြုံရေးနှင့် ကျန်းမာရေးအခြေအနေကြောင့် ပါကစ္စတန်ကို  ပြန်မလာခဲ့ပါဘူး။

သူဟာ ပါကစ္စတန်ရဲ့ သက်တမ်းအရှည်ဆုံးသမ္မတဖြစ်ခဲ့ပါတယ်။သူဟာ ၂၀၀၂ခုနှစ် ပြည်လုံးကျွန်ဆန္ဒခံယူပွဲပြီးနောက်  သမ္မတအဖြစ်အရွေးကောက်ခံရပြီး ၂၀၀၈ခုနှစ်အထိ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Source WION

#Pakistan_Politics

#Pervez_Musharraf

#Pervez_Musharraf_died