Published 5 Feb 2023

ကိုလံဘီယာနိုင်ငံမှာ အမျိုးသားတစ်ဦးဟာ သူ့ရဲ့နာမည်နှင့် မူးယစ်လုပ်ငန်းခေါင်းဆောင်တစ်ဦးရဲ့အမည်တူနေလို့  ပြီးခဲ့တဲ့ (၁၃)နှစ်အတွင်း ထောင်ထဲ (၃)ကြိမ်ရောက်ခဲ့ရပါတယ်။ ကံမကောင်းလှစွာ မူးယစ်ဂိုဏ်းခေါင်းဆောင်နှင့် မှ နာမည်သွားတူနေတဲ့သူ့အမည်ကတော့  အသက် ၄၆နှစ်အရွယ် ရီနီမာတင်နေ့ဇ်ဂူတာရက် ဖြစ်ပါတယ်။

သူဟာ ရာဇဝတ်မှုခင်းမှတ်တမ်း တစ်ခုတစ်လေတောင်မရှိဘဲ မိသားစုနှင့် အေးချမ်းစွာနေထိုင်နေသူပါ။ ခက်တာက သူ့ရဲ့ အမည်ဟာ နိုင်ငံတကာနှင့် နိုင်ငံတော်တော်များများက ဖမ်းဝရမ်းထုတ်ထားတဲ့ ပီရူးကမူးယစ်ကုန်သည်တစ်ဦးအမည်နှင့်  ထပ်တူဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ပဲ သူဟာ ပြီးခဲ့တဲ့ ၁၃နှစ်လုံလုံးမှာ ထောင်ထဲ (၃)ခါရောက်ခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးတစ်ကြိမ်ကတော့ သူဟာ နေမကောင်းဖြစ်နေတဲ့ သူ့ဖခင်ရှိရာ သူ့မွေးရပ်မြေ ကိုလံဘီယာကိုပြန်လာစဉ် ဘိုဂိုတာလေဆိပ်ကို လေယာဉ်ဆိုက်ဆိုက်ချင်းပဲ သူထောင်ထဲရောက်သွားခဲ့ရပါတယ်။

ပထမဆုံးအကြိမ် ၂၀၁၀ပြည့်နှစ်မှာ ဂူတာရက်စ်တစ်ယောက် ဥပဒေနှင့် ပြသနာဖြစ်ရတာကလည်း သူ့အမည်ကြောင့်ပါ။ သူဟာ အဲဒီတုန်းက ဘိုဂိုတာက ဒေသဆိုင်ရာရဲစခန်းကိုသွားခဲ့ပါတယ်။ အဲဒီတုန်းက သူဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အတွက် သူ့ရဲ့ ဥပဒေပိုင်းဆိုင်ရာမှတ်တမ်း တစ်နည်းရဲစခန်းထောက်ခံချက်သွားယူတာပါ။ သူ့ရဲ့ မှတ်တမ်းကိုစစ်ဆေးတဲ့ အခါ ရီနီမာတင်နေ့ဇ်ဂူတာရက်ဟာ ပီရူးနိုင်ငံက နိုင်ငံတကာဖမ်းဝရမ်းထုတ်ထားသူဖြစ်နေတယ်လို့ ရဲကရှာတွေ့သွား ါပတယ်။ အဲဒါနှင့် ချက်ခြင်းပဲ သူ့ကိုမှားဖမ်းလိုက်တာ အချုပ်ထဲ (၈)ရက်နေလိုက်ရပါတယ်။

သူက အဆုံးမတော့ လွတ်မြောက်လာပေမယ့် သူဟာ အားလုံးကိုမေ့လို့မရနိုင်ခဲ့ပါဘူး။ အဲဒါနှင့်သူဟာ ပီရူးသံရုံးကို သွားခဲ့ပါတယ်။ တရားရုံးချုပ်ကိုသွားခဲ့ပါတယ်။ အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့ထံသွားခဲ့ပါတယ်။ ဒါပေမယ့် အားလုံးက သူ့ကို ဘာတစ်ခုမှ သေသေချာချာရှင်းမပြခဲ့ကြပါဘူး။ သူ့ကို နာမည်ချင်းတူလို့ မတော်တဆဖမ်းဆီးမိတာပါလို့ပဲ ပြောကြပါတယ်။

ပထမအကြိမ်အဖမ်းခံရပြီး တစ်နှစ်အကြာ တစ်ရက်မှာ သူဟာ သူ့ရုံးမှာ ဓားပြတိုက်ခံရလို့ သက်သေလိုက်ဖို့ ဘိုဂိုတာ ရဲစခန်းတစ်ခုကိုသွားခဲ့ပါတယ်။ သူက သူမြင်တာတွေကို သက်သေခံပေးဖို့သက်သက်လာတာပါ။  ဒါပေမယ့်ရဲက သူ့နာမည်ကို သူတို့ရဲ့ မှတ်တမ်းတွေနှင့်တိုက်စစ်ကြည့်တဲ့အခါ သူဟာ အလိုရှိနေတဲ့ ဝရမ်းပြေး ပီရူးမူးယစ်ကုန်သည်ဆိုပြီး ရဲက ထပ်ဖမ်းလိုက်ပြန်ပါတယ်။ သူဟာ ဒီတစ်ခါတော့ ကိုလံဘီယာထောင်ထဲမှာ နှစ်လနေခဲ့ရပါတယ်။နောက်ဆုံးမှာ ပီရူးအာဏာပိုင်တွေထံမှ အလိုရှိနေသူဟာ ဒီလူမဟုတ်ဘူးဆိုတဲ့ အတည်ပြုချက်ရမှ ထောင်ကလွှတ်ပေးခဲ့တာပါ။

အဲဒါကြောင့် ဒီလိုမျိုးတွေထပ်မဖြစ်အောင် အကောင်းဆုံးနည်းလမ်းက အမေရိကန်ကိုပြောင်းရွှေ့နေထိုင်ဖို့ပဲလို့ သူကဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက်သူနှင့် သူ့မိသားစုဟာ ၂၀၁၂ခုနှစ်မှာ အမေရိကန်ကိုရောက်သွားပါတယ်။ သူကအစစအဆင်ပြေသွားပြီထင်ပေမယ့် ၂၀၂၃ခုနှစ် စောစောပိုင်းမှာ  သူဟာ အဖေနေမကောင်းလို့ သူ့ကိုကြည့်ဖို့ ကိုလံဘီယာကိုပြန်လာပါတယ်။ သူ့မှာ အန္တရာယ်အပြည့်ရှိနေတယ်ဆိုတာသိသိကြီးနှင့် ပြန်လာတာပါ။

ကံအကြောင်းမလှစွာပဲ သူ့ရဲ့လေယာဉ်ဘိုဂိုတာကို ဆိုက်တာနှင့် အင်တာပိုတွေက လေယာဉ်ပေါ်တက်လာပါတယ်။ သူ့ဆီက သက်သေခံကတ်ပြား တောင်းပါတယ်။သူ့အမည်သေချာသွားတာနှင့် သူ့ကိုအင်တာပိုတွေက ခြံရံခေါ်ဆောင် သွားပါတော့တယ်။ သူ့ကို လော့စ်မာတိုင်ယာရဲစခန်းကိပို့လိုက်ပြီး အဲဒီမှာချုပ်ထားလိုက်ပါတော့တယ်။

သူအချုပ်ခံနေရတုန်းမှာပဲ သူ့ဖခင်ကွယ်လွန်သွားပါတယ်။သူ့အဖေနောက်ဆုံးခရီးကိုတောင် သူနှုတ်မဆက်လိုက်ရပါဘူး။  သူနှင့်သူ့မိသားစုဟာ ပီရူးအာဏာပိုင်တွေထံမှ အတည်ပြချက်ကို ထုံးစံအတိုင်း စောင့်ဆိုင်ရပါတယ်။ ပီရူးက သူတို့ရှာနေတာ ဒီလူမဟုတ်ဘူးဆိုတာမှ ပြန်လွတ်လာပြန်ပါတယ်။

သူ့ရဲ့တုန်လှုပ်စရာအဖြစ်အပျက်ဟာ ကိုလံဘီယာသတင်းမီဒီယာတွေမှာ ခေါင်းစီးသတင်းကြီးတွေဖြစ်လာခဲ့ရပါတော့တယ်။

Source Thehooksite.com

#René_Martínez_Gutiérrez

#Same_Name_as_Notorious_Criminal

#Colombia_oddly_story