#LocalNews
Published - 28 Feb 2022
ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် IBEC ဆရာတော်ဒေါက်တာအရှင်သောဘိတသည် ငြိမ်းချမ်းရေးခရီးစဥ်အဖြစ် လာမည့် မတ်လ(၆)ရက်နေ့ညတွင် နယ်သာလန်လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံရှိ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်သို့ ကြွရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ခရီးစဥ်အတွင်း ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့ ကြား နားလည်မူစာချွန်လွှာရေးထိုးနိုင်ရန် မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်မှ တာဝန်ရှိသူများနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် -ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန်ရဟန်းတော် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတသည် ဥရောပနိုင်ငံများသို့ ငြိမ်းချမ်ရေးခရီးစဥ်အဖြစ် ကြွချီနေတာဖြစ်ပြီး IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်ဟာ (၁)လတာ ကြာမြင့်မှာဖြစ်ပါတယ်။
IBEC ဆရာတော်၏ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း နယ်သာလန် မြန်မာထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ရပ်တည်နိုင်ရေးထောက်ပံ့လှူဒါန်းကာ Stichting IBEC ကို စနစ်တကျအဖွဲ့အစည်းအဖြစ် ပြန်လည်တိုးချဲ့ဖွဲ့စည်းခြင်း၊ စပိန်နိုင်ငံကပ်ဆီးရပ်မြို့၌တည်ဆောက်မည့် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်သာသနာပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မြို့တော်ဝန်နှင့် စပိန်အစိုးရတာဝန်ရှိသူများ ကပ်ဆီးရပ်ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းတွေကို ပြုလုပ်ခဲ့ကြတာပါ။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ နယ်သာလန်၊ သဟိတ်မြို့၌ ပြုလုပ်ခဲ့တဲ့ အိုင်စီဂျေကြားနာပွဲကိုလည်း IBEC ဆရာတော်အနေနဲ့ အွန်လိုင်းမှ လေ့လာနားထောင်ခဲ့ပြီး ဖေဖော်ဝါရီလ(၂၆) ရက်နေ့တွင် နယ်သာလန်၊ သဟိတ်မြို့ ၊ အိုင်စီဂျေရုံးတော်သို့ သွားရောက်ကာ မှတ်တမ်းရယူခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း ဂျာမဏီနိုင်ငံ၊မြူးနစ်မြို့သို့ ကြွချီမည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် ဩစတြီးလျားနိုင်ငံဗီယင်နာမြို့အနီး ဟားစတပ်မြို့သို့ကြွရောက်ကာ မတ်လ(၁)ရက်နေ့တွင် Linz မြို့သို့ ဆက်လက်ကြွရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်၍ မတ်လ(၂)ရက် ညတွင် အမ်စတာဒမ်သို့ ပြန်ရောက်မည်ဖြစ်ပြီး မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ နယ်သာလန်၌ သီတင်းသုံးမည်ဖြစ်ကာ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်သို့ သွားရာက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
IBEC ဆရာတော်၏ ဥရောပတိုက်နိုင်ငံများ ငြိမ်းချမ်းရေးခရီးစဥ်အတွင်း မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အာဆီယံဒေသတွင်းနှင့် ဥရောပသမဂ္ဂအတွင်း အပြုသဘောဆောင်မူပြရုပ်များကိုဆောင်ရွက်ကြရန် ငြိမ်းချမ်းရေးသတင်းစကားများ ပြောကြားမှာဖြစ်တယ်လို့လည်း International Buddhist Education Center(သတင်းထုတ်ပြန်ရေးအဖွဲ့ )က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ - IBEC - သတင်းထုတ်ပြန်ရေးအဖွဲ့။
ymg/kg
#Yangon_Media_Group
ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် IBEC ဆရာတော် ထိုင်းနိုင်ငံမဟာချူလာလောင်ကွန်ဝိဒလယတက္ကသိုလ်သို့ သွားရာက်မည်
- Category: Myanmar
- Hits: 505
#WorldHealth
Published 28 February 2022
အပင်အခြေပြုပြီးထုတ်လုပ်ထားတဲ့ ပထမဦးဆုံးကိုဗစ်ကာကွယ်ဆေးကို ကနေဒါမှာအသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကိုတိုက်ထုတ်ဖို့ နည်းလမ်းအသစ်ရရှိလာတော့မှာဖြစ်ပါတယ်။
ကိုဗီဖန့်ဇ် (Covifenz) လို့ နာမည်ပေးထားတဲ့ ကာကွယ်ဆေးကို Mitsubishi Chemical Holdings Corp နဲ့ Philip Morris International အဖွဲ့အစည်းတို့ကပိုင်ဆိုင်တဲ့ ကွီဘက်မြို့ရှိ မက်ဒီကာဂိုဆေးဝါးကုမ္ပဏီနဲ့ ဂလက်ဆိုစမစ်ကလင်းကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ကြတာဖြစ်ပါတယ်။
သူတို့ရဲ့ကာကွယ်ဆေးကို အသက် ၁၈ နှစ်မှ ၆၄ နှစ်ကြားလူတွေမှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း မက်ဒီကာဂိုနဲ့ ဂလက်ဆိုတိုက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
လက်ရှိကိုဗစ်ကာကွယ်ဆေးတွေဖြစ်တဲ့ ဖိုင်ဇာ၊ အက်စ်ထရာဇန်နီကာ၊ မိုဒါနာတို့ကို အသုံးမပြုချင်တဲ့သူတွေအတွက် နောက်ထပ်ရွေးချယ်စရာရှိလာမှာဖြစ်ပါတယ်။
နိုင်ငံအများစုက ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်မားလာအောင် ကြိုးစားရုန်းကန်နေကြရပြီး နိုင်ငံသားတွေအနေနဲ့ စားသောက်ဆိုင်တွေ၊ ဈေးဝယ်ကုန်တိုက်တွေ၊ ရထားတွေ၊ လေယာဉ်တွေဆီသွားတဲ့အခါ ကာကွယ်ဆေးထိုးနှံထားဖို့ လိုအပ်ပါတယ်။
ကုမ္ပဏီအနေနဲ့ ကိုဗီဖန့်ဇ်ကာကွယ်ဆေးရောင်းချရမှုကနေ ဒေါ်လာ ၁ ဘီလီယံခန့်ရရှိနိုင်ဖို့ ခန့်မှန်းထားကြောင်း Mitsubishi Chemical မှ အမှုဆောင်အရာရှိချုပ်'ဂျွန်မာ့ခ်ဂီလ်ဆန်'က ပြီးခဲ့တဲ့အပတ်အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ကိုဗီဟန့်ဇ်ကာကွယ်ဆေးဟာ mRNA ကာကွယ်ဆေးအမျိုးအစားတွေဖြစ်တဲ့ ဖိုင်ဇာနဲ့ မိုဒါနာကာကွယ်ဆေးတို့လို အလွန်အေးခဲတဲ့အပူချိန်မှာ သိမ်းထားစရာမလိုတာကြောင့် အလွယ်တကူ ပို့ဆောင်သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။
ကိုဗီဟန့်ဇ်ကာကွယ်ဆေးကို အပင်မှရရှိတဲ့ ပရိုတိန်းတွေနဲ့ပြုလုပ်ထားပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ရောဂါခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဂလက်ဆိုရဲ့ကိုယ်ခံအားမြှင့်ပစ္စည်းတစ်မျိုးလည်း ပါဝင်ပါတယ်။
မက်ဒီကာဂိုကုမ္ပဏီက ကနေဒါအစိုးရကို ကာကွယ်ဆေးပေါင်း ၇၆ သန်းထောက်ပံ့ဖို့ သဘောတူစာချုပ်ချုပ်ထားပြီဖြစ်ပြီး အခြားနိုင်ငံတွေနဲ့လည်း ဆွေးနွေးပြောဆိုနေပြီဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ်'တာကာရှီနာဂါအို'က ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာလအတွင်းစမ်းသပ်ချက်များအရ ကိုဗီဖန့်ဇ်ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအမျိုးမျိုးကို ၇၁ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။
ဒယ်လ်တာမျိုးဗီဇကွဲကို ၇၅ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကာ ဘရာဇီးလ်မှာပထမဆုံးတွေ့ရှိခဲ့တဲ့ ဂမ်မာမျိုးဗီဇကွဲကိုတော့ ၈၉ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်ပါတယ်။
စမ်းသပ်မှုပြုလုပ်ချိန်တုန်းက အိုမီခရွန်မျိုးဗီဇကွဲမပေါ်ပေါက်သေးတာကြောင့် အိုမီခရွန်ကာကွယ်နိုင်စွမ်းကိုစမ်းသပ်သွားဖို့ စီစဉ်နေကြပါတယ်။
Source: The Straits Times.
#Yangon_Media_Group
- Category: World
- Hits: 609
#WorldHealth
Published 28 February 2022
၂၀၂၃ ခုနှစ်ရောက်တဲ့အချိန်မှာ ကိုဗစ်ရောဂါကို ကာကွယ်ဆေးများ ကုသနည်းများဖြင့်ထိန်းချုပ်သွားနိုင်တဲ့ ရာသီအလိုက် ဒေသတွင်းကူးစက်တဲ့ရောဂါအဖြစ် သတ်မှတ်နိုင်ဖို့ မိုဒါနာကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီက မျှော်မှန်းထားကြောင်း ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ဘိုင်အိုတက်ခ်ကုမ္ပဏီက ပြီးခဲ့တဲ့နှစ်နောက်ဆုံး ၃ လအတွင်း ကိုဗစ်ကာကွယ်ဆေးရောင်းချခြင်းမှ ဒေါ်လာ ၇ ဘီလီယံရရှိခဲ့ပါတယ်။
မိုဒါနာကုမ္ပဏီကတော့ ကာကွယ်ဆေးရောင်းချခြင်းမှ ဒေါ်လာ ၇.၂ ဘီလီယံ ရရှိထားပါတယ်။
၂၀၂၂ ဆောင်းဦးကာလအရောက်မှာ ဗိုင်းရပ်စ်ကာကွယ်နိုင်စွမ်းဆက်လက်မြင့်မားနေစေရန်အတွက် စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးဖို့ လိုအပ်လာမယ်လို့ အခိုင်အမာယုံကြည်ထားကြောင်း မိုဒါနာမှ ဆေးမှူးအရာရှိချုပ် ဒေါက်တာ'ပေါလ်ဘာတန်'က ပြောကြားခဲ့ပါတယ်။
ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲကြောင့် ရောဂါပြင်းထန်စွာခံစားရခြင်းနဲ့ ဆေးရုံတက်ကုသခံယူရခြင်းတို့အပေါ် ကာကွယ်ဆေးတွေရဲ့ခုခံနိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ လျော့နည်းလာကြောင်း ယူကေမှကျန်းမာရေးတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ သိရှိရပါတယ်။
ဒါကြောင့် မိုဒါနာကုမ္ပဏီက မူလကာကွယ်ဆေးနဲ့ အိုမီခရွန်သီးသန့်အားမြှင့်ကာကွယ်ဆေးတို့ကို ပေါင်းစပ်ကာ နောက်ထပ်အားမြှင့်ကာကွယ်ဆေး(booster)ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
အမေရိကန်မှာ လူဦးရေအများဆုံးခရိုင်ဖြစ်တဲ့ လော့စ်အိန်ဂျလိစ်ကတော့ သောကြာနေ့ကစပြီး ကာကွယ်ဆေးထိုးပြီးတဲ့သူတွေအတွက် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရခြင်းကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဒေသတွင်းတာဝန်ရှိသူတွေနဲ့ မီဒီယာဖော်ပြချက်များအရ သိရှိရပါတယ်။
"နယူးယော့ခ်မြို့မှာ နှာခေါင်းစည်းတပ်ဆင်ခြင်းတွေ၊ ကာကွယ်ဆေးထိုးနှံခြင်းတွေ၊ ခပ်ခွာခွာနေထိုင်မှုတွေ ပြုလုပ်ပေးခဲ့တဲ့သူတိုင်းကို လေးစားဂုဏ်ပြုလိုက်ပါတယ်။ ကိုဗစ်ရောဂါကို ကြံ့ကြံ့ခိုင်တုန့်ပြန်ခဲ့ကြတဲ့ နယူးယော့ခ်သားတွေအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပုံမှန်နေထိုင်မှုဘဝအတိုင်း ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။ ဒါပေမယ့် လိုက်နာရမယ့်စံနှုန်းလေးတွေတော့ ရှိနေပါတယ်" လို့ နယူးယော့ခ်မြို့တော်ဝန်'အဲရစ်အဒမ်စ်'က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
Source: MarketWatch.
#Yangon_Media_Group
- Category: World
- Hits: 905
#Local_Health
Published_ 28 Feb 2022
မြန်မာနိုင်ငံတွင် အသက် ၁၂ နှစ်အောက် ကလေးများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် တရားဝင်ခွင့်ပြုထားသည့်ဆေး မရှိသေးကြောင်းသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အသက် ၂ နှစ်မှ ၁၈ နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာမှုကိုလည်း FDA မှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၄၄,၅၀၆,၇၅၅ ကြိမ် ထိုးနှံပြီးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ကာကွယ်ဆေးများဝယ်ယူရန် အမေရိကန်ဒေါ်လာ ၂၇၆.၆၄ သန်း သုံးစွဲခဲ့ကာ၊ ကာကွယ်ဆေးစုစုပေါင်း ၆၂ သန်း Doses ရရှိပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံပိတ်ပွဲမှာ ပြောကြားထားပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် ဒီကနေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၈၆,၁၉၈ ဦးရှိကာ သေဆုံးသူ ၁၉,၃၆၅ ဦး ရှိနေပါတယ်။ ကူးစက်ခံရသူ ၅၃၃,၃၉၅ ဦး ကတော့ ဆေးရုံဆင်းခွင့်ရရှိပြီး ဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 444
Published 27 February 2022
ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်တွင် တနင်္လာနေ့မနက်အထိ နေ့ည ကာဖျူးအမိန့်ထုတ်ပြန်လိုက်တဲ့အတွက် မြို့ရဲ့လမ်းတွေဟာ လူသူကင်းမဲ့သွားပါတယ်။
အပြင်မှာရှိနေတဲ့လူတွေကို ရန်သူရဲ့ အဖျက်သမားတွေနှင့်ကင်းထောက်အဖွဲ့တွေလို့ သတ်မှတ်ရမှာဖြစ်တယ်လို့ အမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ကျူးကျော်မှုစတင်ချိန်မှ ယခုအချိန်အထိ ကလေးငယ်(၃)ဦးအပါအဝင် အရပ်သား(၁၈၉)ဦးသေဆုံးခဲ့တယ်လို့ အေအက်ဖ်ပီရဲ့ သတင်းအရသိရပါတယ်
တနင်္ဂနွေနေ့က ယူကရိန်းရဲ့ ဒုတိယမြောက်အကြီးဆုံး မြို့ဖြစ်တဲ့ ခါကစ်မြို့မှာ လမ်းပေါ်တိုက်ပွဲတွေရှိနေပြီး စက်သေနတ်သံတွေနှင့်ပေါက်ကွဲသံတွေကြားနေကြရပါတယ်။
ရုရှားနှင့်ယူကရိန်းစေ့စပ်ဆွေးနွေးကြဖို့ ဘီလာရု(စ်)မှာစီစဉ်ခဲ့ပေမယ့် ယူကရိန်းသမ္မတက ပယ်ဖျက်ခဲ့ပြီး ဝါဆော၊ဘရက်တစ်လာဗား၊ ဘူဒါပက်စ်၊အီစတန်ဘူလ်နှင့် ဘာကူးမြို့တွေထဲက တစ်မြို့မြို့ကို ရွေးပေးဖို့ သူက ရုရှားကို ပြန်လည်အဆိုပြုခဲ့ပါတယ်။
Source AFP
- Category: World
- Hits: 934
- Category: Myanmar
- Hits: 651
- Category: Myanmar
- Hits: 715
Published 27 February 2022
အမေရိကန်အစားအစာနှင့်ဆေးဝါးဌာနက ပထမဆုံးအဖြစ် ဒီတစ်ပတ်ထဲမှာ စအိုဖြင့်လိင်ဆက်ဆံမှုပြုရန် ရည်ရွယ်ထုတ် လုပ်ထားတဲ့ ကွန်ဒုံးကို အတည်ပြုပေးလိုက်ပါတယ်။
အမျိုးသားကွန်ဒုံးတစ်ခုဟာ အခြားသော ရာပေါင်းများစွာသော ကွန်ဒုံးများနှင့် ဈေးကွက်ထဲမှာ သိသာစွာကွာခြားမှုမရှိပေမယ့် စအိုဖြင့်လိင်ဆက်ဆံစဉ်အတွင်း လိင်ပိုင်းဆိုင်ရာရောဂါတွေကူးစက်မှုကိုလျှော့ချပေးနိုင်ဖို့အတွက် “ လုံခြုံစိတ်ချ ထိရောက်စွာ အသုံးပြုနိုင်” ဆိုတဲ့ အမှတ်တံဆိပ်ရေးသား အသုံးပြုခွင့်ပြုတာဖြစ်ပါတယ်။အဲဒီအပြင် ကွန်ဒုံးကို သန္ဓေတားဖို့နှင့် သဘာဝ အတိုင်းလိင်ဆက်ဆံမှုအတွင်း လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေဖြစ်ပွားခြင်းကိုလျှော့ချရာတွင် အသုံးပြုဖို့လည်း အတည်ပြု ပေးခဲ့တာဖြစ်ပါတယ်။
သုတေသနပညရှင်တွေ၊ရှေ့နေတွေနှင့် ကုမ္ပဏီတွေအတူတကွပူးပေါင်းဆောင်ရွက်မှုကြောင့် ဒီလိုပြောင်းလဲမှုကြီးတစ်ခု လုပ်ဆောင်နိုင်ခဲ့ကြတာဖြစ်တယ်လို့ ဘောစတွန်အခြေစိုက် Global Protection Corpရဲ့ ဥက္ကဋ္ဌနှင့် တည်ထောင်သူ ဒေဗင် ဝီဒဲလ်က သတင်းထုတ်ပြန်ချက်ထဲမှာပြောပါတယ်။ သူတို့ကုမ္ပဏီဟာ One Male Condom ဆိုတဲ့ကွန်ဒုံးထုတ်လုပ်သူ ဖြစ်ပါတယ်။ “ မွေးလမ်းကြောင်းဖြင့်လိင်ဆက်ဆံတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီး အတည်ပြုချက်ရထားတဲ့ ကွန်ဒုံးပေါင်း ၃၀၀ကျော်ရှိပါတယ်။ ဒါပေမယ့် စအိုဖြင့်လိင်ဆက်ဆံတဲ့ အချက်အလက်တွေအပေါ်အခြေခံပြီးလုပ်ထားတဲ့ ကွန်ဒုံးကို အတည်ပြုတာအရင်ကမရှိခဲ့ဖူးပဲ ဒါပထမဆုံးဖြစ်တယ်” လို့ အဲဒီကုမ္ပဏီကပြောပါတယ်။
အစားအသောက်နှင့်ဆေးဝါးဌာနရဲ့ GastroRenal, ObGyn, General Hospital and Urology Devices ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တဲ့ ကော့တ်နေလိုင်ယတ်စ်က ပုံမှန်မွေးလမ်းကြောင်းဖြင့်လိင်ဆက်ဆံရာကရတဲ့ ကူးစက်ရောဂါတွေထက် စအိုဖြင့်လိင်ဆက်ဆံရာကရတဲ့ ကူးစက်ရောဂါတွေက သိသိသာသာမြင့်တက်နေတယ်လို့ ပြောပါတယ်။
စအိုဖြင့်လိင်ဆက်ဆံအတွက်သီးသန့်၊တွက်ချက်ပြီး အမှတ်တံဆိပ်ကပ်ထားတဲ့ ကွန်ဒိုတစ်ခုကို အက်ဖ်ဒီအေက အတည်ပြုပေးလိုက်တာဟာ စအိုဖြင့်လိင်ဆက်ဆံနေစဉ်အတွင်း ကွန်ဒိုအသုံးပြုလာနိုင်ခြေကို တိုးတက်စေလာနိုင်ပါတယ်” လို့လည်း လီယတ်စ်က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
စအိုဖြင့်လိင်ဆက်ဆံခြင်းဟာ အိတ်ချ်အိုင်ဗွီအကူးခံရမယ့်အန္တရာယ်အမြင့်မားဆုံးဖြစ်ပြီး မွေးလမ်းကြောင်းက လိင်ဆက်ဆံခံရခြင်းထက် စအိုဖြင့်လိင်ဆက်ဆံခံရခြင်းက အိတ်ချ်အိုင်ဗွီကူးစက်မှု ၁၈ဆမြင့်မားကြောင်းတွေရပါတယ်။ အမေရိကန်အစိုးရရဲ့ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနရဲ့အဆိုအရ ၂၀၁၉ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ အိတ်ချ်အိုင်ဗွီရောဂါကူးစက်ခံရသူ အသစ် ၃၆၈၀၁ ဦးထဲက ၆၉ရာခိုင်နှုန်းဟာ လိင်တူဆက်ဆံသူအမျိုးသားတွေနှင့် နှစ်ဖက်ချွန်လိင်ဆက်ဆံသူအမျိုးသားတွေဖြစ်ကြောင်းတွေ့ရပါတယ်။
One Male Condoms တွေကို ပုံမှန်၊အပါးနှင့် အံကိုက်ဆိုပြီး ပုံစံသုံးမျိးရှိပြီး အံကိုက်ပုံစံတစ်ခုတည်းမှာကိုပဲ အရွယ်အစားပေါင်း၅၄မျိုးကို ထုတ်လုပ်ထားပါတယ်။
အဲဒီကွန်ဒုံးတွေနှင့် အမျိုးသား အချင်းချင်းဆက်ဆံတဲ့ အမျိုးသား ၂၅၂ဦးနှင့် အမျိုးသမီးနှင့်ဆက်ဆံတဲ့အမျိုးသား ၂၅၂ ဦးတို့ကို အသုံးပြုစေပြီး စမ်းသပ်ခဲပါတယ်။အဲဒီအခါမှာ စအိုဖြင့်ဆက်ဆံသူတွေကြားထဲ မအောင်မြင်မှု ၀.၆၈ ရာခိုင်နှုန်းဖြစ်ပြီး မွေးလမ်းကြောင်းဖြင့်ဆက်ဆံသူတွေကြားထဲ မအောင်မြင်မှု ၁.၈၉ ရာခိုင်နှုန်းရှိတာတွေ့ရတယ်လို့ အက်ဖ်ဒီအေရဲ့ အချက်အလက်တွေအရသိရပါတယ်။မအောင်မြင်ဖူးဆိုတာက ကွန်ဒုံးလျောထွက်တာနှင့်ပေါက်ပြဲတာတို့ကိုဆိုလိုတာဖြစ်ပါတယ်။
Source NBC News
- Category: World
- Hits: 3508
#TV_Yangon_Times_Mattersအစီအစဉ်
Published - 27 Feb 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်နဲ့ အတူ ဆရာပန်းချီတင်ထွဏ်းက သူ့ရဲ့ ထင်ပေါ်ကျော်ကြားခဲ့တဲ့ လိုဂိုဒီဇိုင်းတွေနဲ့ပတ်သက်ပြီး အဲဒါတွေကိုဖန်တီးခဲ့ပုံနှင့် လိုဂိုဒီဇိုင်းပညာရပ်နှင့်ပတ်သက်ပြီး ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေကို ဗဟုသုတဖြစ်ဖွယ်ရာဆွေးနွေးထားတာဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 817
Published:27 February 2022
ခေတ်မီလယ်ယာစိုက်ပျိုးရေးအလေ့အထတွေနှင့်နည်းပညာတွေဖြစ်တဲ့ ဟိုက်ဒရိုပိုနစ်နည်းလို နည်းပညာတွေဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကျက်ကျန်းပြည်နယ်၊ဘိုင်ယန်မြို့က ယာခင်းတစ်ခုထဲမှာအသုံးပြုနေပြီး အဲဒီနည်းပညာကြောင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုစွမ်းအား တိုးတက်နေပါတယ်။
ဟိုက်ဒရိုပိုနစ်နည်းပညာဆိုတာက မြေဆီလွှာမသုံးဘဲနှင့် အပင်တွေကို အဟာရဖြည့်ရေတွေကိုသာ အသုံးပြုပြီး စိုက်ပျိုးတဲ့ နည်းပညာဖြစ်ပါတယ်။
အဲဒီယာခင်းထဲမှာ ဟိုက်ဒရိုပိုနစ်ဆလတ်ရွက်တွေကို စက်ရုပ်လက်ကြီးတွေနှင့် ရိတ်သိမ်းနေပါတယ်။ အဲဒီနောက် ထုတ်ပိုးမယ့် အလုပ်သမားတွေဆီ ရွေ့လျားစက်ခါးပတ်ကြီးတွေနှင့် ပို့ဆောင်ပေးပါတယ်။
Source CMG
- Category: World
- Hits: 1014
#LocalNews
Published -27 Feb 2022
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ယနေ့ နံနက်ပိုင်းက မုံရွာ -ဘုတလင် ကားလမ်းမပေါ်တွင် ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တိုက်မိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာ -ဘုတလင်လမ်း ဘုတလင်မြို့အဝင် Denko ဆီဆိုင်အနီးတွင် ခရီးသည်တင်ယာဉ် တစ်စီးနှင့် ကုန်တင်ကားတစ်စီး တိုက်မှု ဖြစ်ပွားကာ ဒဏ်ရာရ လူနာများရှိကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကြောင်းကြားမှုအရ လူမှုကူညီရေးအသင်း မုံရွာမှ ကယ်ဆယ်ရေးယာဉ် (၂)စီး လူနာတင်ယာဉ် (၃)စီး စုစုပေါင်း (၅)စီး ထွက်ခွာကာသွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသား (၂)ဦးသေဆုံးကာ (၃)ဦးဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကိုဘုတလင်မီးသတ်တပ်ဖွဲ့နဲ့အတူ အနီးကျေးရွာမှ လူမှူကူညီရေးအသင်းများနှင့် ပူးပေါင်းကာဘုတလင်ဆေးရုံသို့ ပို့ဆောင်ပြီး သေဆုံးသူအမျိုးသားအလောင်းတစ်လောင်းအား မုံရွာ နေအိမ်သို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့
မုံရွာမြို့နယ်ရုံး
ymg/hm
#Yangon_Media_Group
- Category: Myanmar
- Hits: 406
Published 27 February 2022
ရုရုားကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းနှင့်ဆွေးနွေးဖို့အတွက် ဘီလာရု(စ်)နိုင်ငံကို ရောက်ရှိနေတယ်လို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိလ် ဒီမစ်ထရီ ပက်ကော့ဗ်က တနင်္ဂနွေနေ့ကပြောပါတယ်။
“သဘောတူညီချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာန၊အခြားဝန်ကြီးဌာနတွေနှင့် သမ္မတရုံးကကိုယ်စားလှယ်တွေ ပါဝင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ ယူကရိန်းတွေနှင့်စကားပြောဖို့ ဘီလာရု(စ်)နိုင်ငံကို ရောက်နေပါပြီလို့ ပက်စ်ကော့ဗ်က ပြောပါတယ်။
“ ကျွန်တော်တို့ဟာ ဂိုမဲလ်မှာ ဆွေးနွေးပွဲတွေစတင်မှာဖြစ်ပါတယ်”
ရုရှားဟာ အထူးစစ်ဆင်ရေးဆိုပြီး ဖေဖော်ဝါရီ(၂၄)ရက်မှာ ယူကရိန်းထဲ တပ်တွေဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ယူကရိန်းနှင့်ဆွေးနွေးညှိနှိုင်းဖို့မျှော်လင့်ချက်နှင့် စစ်ဆင်ရေးကို ခေတ္တရပ်ဆိုင်းပေးခဲ့ပါတယ်။ စနေနေ့မှာတော့ ယူကရိန်းက စေ့စပ်ဆွေးနွေးဖို့ ငြင်းဆန်လိုက်တဲ့အတွက် စစ်ဆင်ရေးကိုပြန်စတင်ခဲ့ပါတယ်။
ဖေဖော်ဝါရီ(၂၆)ရက်မှာတော့ ဘီလာရု(စ်)ဟာ စေ့စပ်ညှိနှိုင်းဖို့ အတွက် စီစဉ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ သူ့ရဲ့သမ္မတ အလက်ဇင်းဒါး လူကာရှင်ကိုက ပြောဆိုလိုက်ပါတယ်။ တူရကီနှင့်အဇာဘိုင်ဂျန်တို့ရဲ့သမ္မတတွေက ဆွေးနွေးပွဲတွေ ရှေ့ဆက်သွားဖို့ အဆိုပြုခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလင်ကကီးက စနေနေ့နှောင်းပိုင်းမှာတွေ့ခဲ့ပါတယ်။
Source TASS
- Category: World
- Hits: 1275