#WorldHealth
Published - 02 March 2022
ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးတဲ့ပစ္စည်းတွေဟာ ဈေးကြီးပြီး အရွယ်အစားနေရာယူလေ့ရှိပါတယ်။အခုစမ်းသပ်နေတဲ့လေဆာစမ်းသပ်ပစ္စည်းဟာဆိုရင် ကုန်ကျစရိတ်မများဘဲ ကျစ်ကျစ်လစ်လစ်ရှိတဲ့အပြင် တံတွေးထဲရှိကိုရိုနာဗိုင်းရပ်စ်တွေကို PCR test တွေကဲ့သို့ အဖြေတိတိကျကျနှင့် rapid antigen test တွေလို မြန်မြန်ဆန်ဆန်ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ကြောင်း စပိန်သုတေသီများက ပြောကြားလိုက်ပါတယ်။
ဒီပစ္စည်းမှာပါဝင်တဲ့ flow cytometry နည်းပညာဟာ လေဆာကိုအသုံးပြုပြီး ဖန်ပြွန်လေးထဲမှာ ဆဲလ်တွေနဲ့အမှုန်လေးတွေကို စီတန်းတွက်ချက်ပေးတာဖြစ်ပါတယ်။
စမ်းသပ်ခံသူရဲ့တံတွေးကို အဏုမြူရောင်ခြယ်ပဋိပစ္စည်းတွေပါဝင်တဲ့အရည်နဲ့ ရောစပ်ကာ ကိုရိုနာဗိုင်းရပ်စ်အမှုန်တွေပါလာရင် သွားရောက်ချိတ်တွယ်လိုက်တာဖြစ်ပါတယ်။
မိနစ် ၂၀ ကြာပြီးနောက် ဖန်ပြွန်ထဲအရည်ဖြတ်သန်းတဲ့အခါ လေဆာဖြင့် အဏုမြူရောင်ခြယ်ပစ္စည်းတွေကိုရှာဖွေပြီး ဗိုင်းရပ်စ်ပါလာက တွေ့ရှိနိုင်မှာဖြစ်တယ်လို့ သုတေသီတွေက အင်္ဂါနေ့က Biomedical Optics Express မှာ ရှင်းပြထားပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လူ ၃၄ ဦးနဲ့ ကူးစက်ခြင်းမခံရတဲ့လူ ၂၀ ဦးတိုရဲ့ တံတွေးနမူနာယူပြီးစမ်းသပ်ခဲ့ကြရာမှာ ဗိုင်းရပ်စ်ရှာဖွေ့တွေ့ရှိမှုက ၉၁.၂ ရာခိုင်နှုန်းတိကျမှုရှိခဲ့ပြီး ဗိုင်းရပ်စ်ပိုးမရှိကြောင်းပြသရာမှာ ၉၀ ရာခိုင်နှုန်းတိကျမှုရှိခဲ့ပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ပမာဏအလွန်နည်းပါးတဲ့အနေအထားမျိုးတွေမှာလည်း ဗိုင်းရပ်စ်ကိုတွေ့ရှိနိုင်ပါတယ်။"စမ်းသပ်ချက်ရလာဒ်တွေအရ တံတွေးနမူနာနဲ့အသုံးပြုရတဲ့ ကျွန်တော်တိုပစ္စည်းဟာ လျင်မြန်တယ်၊ သယ်ဆောင်ရလွယ်ကူတယ်၊ အသုံးပြုရလွယ်ကူတယ်၊ တစ်နေ့ကို အကြိမ်ပေါင်း ၂၀၀၀ လောက်ပြုလုပ်လို့ ရနိုင်ပါတယ်" လို့ သုတေသီတွေက ရှင်းပြထားပါတယ်။
"သင့်တော်တဲ့ပဋိပစ္စည်းတွေအသုံးပြုပါက အခြားဗိုင်းရပ်တွေဖြစ်တဲ့ တုပ်ကွေးဗိုင်းရပ်စ်တွေအပြင် လီဂျင်နယ်လာနဲ့ အီးကိုလိုင်တိုလို ပိုးမွှားတွေကိုပါ ရှာဖွေတွေ့ရှိနိုင်ပါတယ်" လို့ ဘာစီလိုနာရှိ အလင်းလှိုင်း သိပ္ပံပညာတက္ကသိုလ်မှ ပူးတွဲစာတမ်းပြုစုသူ 'အယ်ဝယ်လီနာဝါ့ဂျ်စ်'က ဖော်ပြထားပါတယ်။
Source: Reuters
- Category: World
Published 1 March 2022
ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်က ကိဗ်မျှော်စင်ကြီးကို ရုရှားတပ်တွေတိုက်ခိုက်တဲ့အတွက် အဲဒီမှာ ပေါက်ကွဲမှုကြီး အနည်းဆုံးနှစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဆိုရှယ်မီဒီယာမှာတင်တဲ့ ဗွီဒီယိုတွေမှာတွေ့ရပါတယ်။ အဲဒါကြောင့် ရုပ်မြင်သံကြားလိုင်းတော်တော်များများ ထုတ်လွှင့်မှုတွေရပ်ဆိုင်းသွားရပါတယ်။
ယူကရိန်းရဲ့အရေပေါ်ဌာနက အဲဒီပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ(၅)ဦး သေဆုံးပြီး (၅)ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။ဒါပေမယ့် အဲဒီအထဲမှာ ရုပ်သံဝန်ထမ်းတစ်ဦးတစ်ယောက်မျှ မပါဝင်ဘူးလို့ ယူကရိန်းယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီကိဗ်မျှော်စင်ကြီးဟာ ရုပ်မြင်သံကြားထုတ်လွှင့်ဖို့လုပ်ထားပြီး အများပြည်သူတွေကိုဖွင့်လှစ်ပြသခြင်းမရှိပါဘူး။ ကိဗ်မျှော်စင်ဟာ ကမ္ဘာပေါ်မှာ သတ္တုနှင့်တည်ဆောက်ထားပြီး သီးခြားရပ်တည်နေတဲ့ မျှော်စင်တွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။ မျှော်စင်ကို သံမဏိပိုက်တွေနှင့် အဓိကထားတည်ဆောက်ထားပါတယ်။ခြေလေးချောင်းထေက် အပေါ်မှာမျှော်စင်တည်ဆောက်ထားတာဖြစ်ပြီး အမြင့်၁၂၆၃ ပေရှိတယ်လို့သိရပါတယ်။
Video ကြည့်ရန်>>
https://t.me/yangonmediagroup/5596
Source: Agencies
- Category: World
Published 01 March 2022
ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာဇီလန်စကီးက ဥရောပသမဂ္ဂနှင့် ဥရောပနိင်ငံတွေ ယူကရိန်းနှင့်အတူရှိကြကြောင်း သက်သေပြကြဖို့ ရုပ်သံဗွီဒီယို တိုက်ရိုက်ထုတ်လွှင့်တောင်းဆိုလိုက်ပါတယ်။
ခင်ဗျားတို့မရှိရင် ယူကရိန်းဟာ အထီးကျန်ဖြစ်တော့မယ်၊အဲဒါကြောင့်ကျွန်တော်တို့နှင့်အတူရှိကြောင်း၊ကျွန်တော်တို့ချည်းပဲ ခင်ဗျားတို့ ပေးမသွားဘူးဆိုတာ သက်သေပြကြပါလို့ ဇီလန်စကီးက တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။
Source AFP
- Category: World
Published 01 March 2022
အီရန်ရဲ့ ခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီက ယူကရိန်းစစ်ပွဲကို ရပ်တန့်ဖို့ တောင်းဆိုလိုက်ပြီး ယူကရိန်းဟာ အမေရိကန်ပြည်ထောင်စုမူဝါဒတွေရဲ့ သားကောင်ဖြစ်သွားရရှာတယ်လို့ ဝါရှင်တန်ကို အပြစ်တင်လိုက်ပါတယ်။ အမေရိကန် နှင့် ဥရောပနိုင်ငံတွေကို ထောက်ခံတဲ့နိုင်ငံတွေအားလုံး ယနေ့ယူကရိန်းအခြေအနေနှင့် ပြီးခဲ့တဲ့ အာဖဂန်နစ္စတန် အခြေအနေ တွေကနေ သင်ခန်းစာယူကြဖို့လည်း သူကဝေဖန်တိုက်တွန်းလိုက်ပါတယ်။
Source AFP
- Category: World
- Category: World
Published 01 March 2022
ဂျပန်နိုင်ငံ တိုကျိုမြို့တော်က ကြယ်ငါးပွင့်ဟိုတယ်ကြီးတစ်ခုဖြစ်တဲ့ ဟိုရှီနိုယာတိုကျိုဟာ သူ့ရဲ့ဧည့်သည်တွေအတွက် “မီးအိမ်ညစာ” အတွေအကြုံတွေကို ကမ်းလှမ်းနေပါတယ်။ မီးအိမ်ညစာဆိုတာ ညစာစားပွဲပေါ်မှာ နှာခေါင်းစည်းတပ်စရာ မလိုဘဲ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရင်း လွတ်လပ်စွာ စကားပြောဆိုနိုင်အောင် စီစဉ်ထားတာပါ။
မီးအိမ်ပုံစံ ဦးခေါင်းအမိုးတွေကို တပ်ဆင်ထားတာဖြစ်ပြီး လာစားကြတဲ့ ဧည့်သည်တွေနေရာယူပြီးတဲ့အခါ သူတို့ခေါင်းတည့်တည့်မှာ တပ်ဆင်ထားတဲ့ မီးအိမ်တွေကို စားပွဲထိုးတွေက ခေါင်းမှာ အသာအယာစွပ်ပေးလိုက်တာပဲဖြစ်ပါတယ်။
Source AFP
- Category: World
Published 01 March 2022
နေတိုးအဖွဲ့ဝင်နိုင်ငံ(၃)နိုင်ငံက ယူကရိန်းကို တိုက်လေယာဉ်အစီး(၇၀)ကျော် ပို့ပေးမယ်လို့ ယူကရိန်းနိုင်ငံရဲ့ စစ်ရေးကိုယ်စာလှယ်တွေက ဒီကနေ့ မတ်လ၁ရက် အင်္ဂါနေ့မှာ ပြောကြားပါတယ်။
ဖေ့စ်ဘုတ်ခ်မှာ တင်ထားတဲ့ သတင်းထုတ်ပြန်ချက်အရ ပိုလန်၊ဘူဂေးရီးယားနှင့် ဆလိုဗေးကီးယားတို့ဟာ ဆိုဗီယက်ခေတ်က တိုက်လေယာဉ်တွေဖြစ်တဲ့ MiG-29 နှင့် SU-25 တို့ကို ပိုလန်နိုင်ငံရဲ့ လေယာဉ်ကွင်းထဲမှာ အခြေစိုက်ထားရှိပေးမယ်လို့ သိရပါတယ်။
MiG-29 တိုက်လေယာဉ် (၁၆)စီးနှင့် လေယာဉ် (၁၄)စီးတို့ကို ဘူလ်ဂေးရီးယားက ထောက်ပံ့မှာဖြစ်ပြီး ပိုလန်က MiG-29 (၂၈)စီး၊ ဆလိုဗေးကီးယားက MiG-29 jets (၁၂)စီး ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ တရားဝင်သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေဟာ ကျွန်တော်တို့ကို MiG-25နှင့်SU-25တွေပေးပါတယ်။လိုအပ်လာရင် ပိုလန်လေယာဉ်ကွင်းတွေမှာ အခြေစိုက်ထားပြီး ယူကရိန်းလေယာဉ်မှူးတွေက အဲဒီကနေ တိုက်ခိုက်မှုစစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” လို့ ကြေညာချက်ကဆိုပါတယ်။ “ကိဗ်ရဲ့ တစ္ဆေတွေ” မကြာမီထပ်ပြီးလာဦးမယ်လို့လည်း ပြောဆိုထားပါတယ်။
“ကိဗ်ရဲ့တစ္ဆေတွေ” ဆိုတဲ့ ဝေါဟာရဟာ ယူကရိန်းလေယာဉ်မှူးတစ်ဦးက ရုရှားတိုက်လေယာဉ်(၆)စီးကို တစ်ခါတည်းနှင့် ပစ်ချနိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတွေ့ရအပြီးမှာ အဲဒီစကားက မီဒီယာမှာ အကျော်ဇေယျဖြစ်လာတာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ အဲဒီ တစ္ဆေ(လေယာဉ်)ဟာ ကွန်ပျူတာဂိမ်းတစ်ခုဖြစ်တဲ့ ‘Digital Combat Simulator’ထဲက ဗွီဒီယိုအပိုင်းအစတစ်ခုဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြပါတယ်။
Source RT/Agencies
- Category: World