Published 05 May 2024 
 
ကိုလံဘီယာမှ တောင်တန်းမြို့ ဆန်ဘာနာဒိုမှာ အတော်လေးစဥ်းစားစရာ ဖြစ်လာတဲ့ ကိစ္စတစ်ခု ရှိနေပါတယ်။ 
 
ဆေတာနီနာတောရက်စ်ဒီဘဂျယ်ရာနို လို့အမည်ရတဲ့ အမျိုးသမီးအလောင်းဟာ နှစ် ၃၀ ကြာရှိပြီဖြစ်ပေမယ့် မပျက်မစီးဘဲ ရှိနေပါသေးတယ်။ 
 
ဒီလိုမျိုး အလောင်းတွေ မပျက်စီးရတဲ့ဖြစ်စဥ်ကို ဆန်ဘာနာဒိုမှလူတွေလည်း အံ့အားသင့်နေကြပါတယ်။ 
 
လူအချို့ကတော့ ဒါဟာ ဘုရားသခင်မှ ပြစ်ဒဏ် ဒါမှမဟုတ် ဆုလာဘ်ပေးတာ ဖြစ်မယ်လို့ ရှုမြင်နေကြပါတယ်။ 
 
လက်တွေ့ကျသူအချို့ကတော့ ထိုမြို့မှ ကျန်းမာစွာ နေထိုင်စားသောက်မှုပုံစံနဲ့ သမပိုင်းရာသီဥတုတို့ကြောင့် ဖြစ်မယ်လို့ ယူဆကြပေမယ့် အထောက်အထားတော့ မတွေ့ရသေးပါဘူး။ 
 
တောင်လျှောမတ်မတ်မှာ ရှိနေတဲ့ ထိုမြို့မှ သုသာန်ကို သိပ္ပံပညာအရ လေ့လာချင်စရာ ဖြစ်လာပါတယ်။ 
 
အဆက်မပြတ်တိုက်တဲ့ လေနဲ့ ပူနွေးတဲ့ အပူချိန်ကြောင့် ဟင်းပေါင်းအိုးလိုမျိုး ပုံစံဖြစ်သွားကာ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်သွားပြီး ပြိုကွဲပျက်စီးမှု မဖြစ်တော့ပါဘူး။ 
 
ဒါပေမဲ့ ဒီအချက်ကို အတည်ပြုဖို့ နောက်ထပ်သုတေသန လိုအပ်ပါသေးတယ်။ 
 
အလောင်းထိန်းသိမ်းတဲ့ အကြောင်းအရာတွေက ဆန်ဘာနာဒိုမြို့အတွက်တော့ သင်္ကေတတစ်ခုလို ဖြစ်နေပါပြီ။
 
သိပ္ပံပညာရှင်တွေ ဆက်လက်လေ့လာနေဦးမှာ ဖြစ်ပေမယ့် ဆန်ဘာနာဒိုမှ လူတွေအတွက်တော့ ထူးခြားအံ့ဩဖွယ်ရာ ဖြစ်နေဦးမှာပါ။ 
Source: WION
#World_Science
#Published_ 5 May 2024
#Yangon_Media_Group #YMG #Yangon_Times