၂၆ ဧပြီ ၂၀၂၄

အမေရိကန်အနေနှင့် တားထားတဲ့အနီရောင် အန္တရာယ်အချက်ပေးလိုင်းတွေကို ဖြတ်မကျော်မိစေဖို့ တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်ကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကို တရုတ်နှင့်အမေရိကန်အကြား အပြန်အလှန်လေးစားမှုရှိဖို့နှင့် အမေရိကန်အနေနှင့် အနီလိုင်းတွေကို မဖြတ်ကျော်မိစေဖို့ တရုတ်ကွန်မြုနစ်ပါတီဗဟိုကော်မတီ၊ပေါလစ်ဗျုရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး    ဝမ်ယီက ပြောကြားခဲ့တာဖြစ်တယ်လို့ တရုတ်စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

Source: CCTV/Reuters