၂၀ ဒီဇင်ဘာ ၂၀၂၃

တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်တဲ့အဖွဲ့တွေအကြား ထိတွေ့ဆက်ဆံဆွေးနွေးရေးတွေကို ခိုင်မာစွာထောက်ခံတယ်လို့  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။

“ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်တဲ့အဖွဲ့တွေထိတွေ့ ဆက်ဆံဆွေးနွေးကြဖို့ ထောက်ခံအားပေးမှုတွေနှင့် ပံ့ပိုးမှုတွေလုပ်ခဲ့ပါတယ်။  ဒီပြဿနာနှင့်ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် ဟာ တစ်သတ်မတ်တည်းပဲဖြစ်တယ်။ သဘောတူထားခဲ့ကြတာတွေကို သက်ဆိုင်တဲ့အဖွဲ့တွေက အရှိန်မြှင့် လုပ်ဆောင်နိုင်ပြီး အဆုံးစွန်သည်းခံကြကာ မြေပြင်အခြေအနေသက်သာလျော့ပါးလာအောင်တက်ကြွစွာဆောင်ရွက်တာ၊ ပြတ်တောင်းပြတ်တောင်းဖြစ်ပွား နေတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို မဆိုင်းမတွစီမံထိန်းသိမ်းတာ၊ ပြီးတော့ မြန်မာပြည်မြောက်ပိုင်းအခြေအနေတွေကို အကျသက်သာညှင်သာစေဖို့အတူတကွလုပ်ဆောင်တာတွေကို မျှော်လင့်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝေပင်းက ဒီဇင်ဘာ ၁၉ရက်ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုနှင့်  မြန်မာပြည်မြောက်ပိုင်းမှာ ယာယီအပစ်အခတ်ရပ်စဲဖို့သဘောတူထားသော်လည်း ပဋိပက္ခတွေဆက်ဖြစ်နေတဲ့အပေါ် ဝမ်ဝေပင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။

Source CCTV+

-ymg/knl