#Local_News
Published_ 20 December 2023


တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လန်ချန်း-မဲခေါင်ဒေသ နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် Jiangxi ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် Jiangxi ပြည်နယ်၊ Yingtan မြို့၌ ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့တဲ့ “2023 Forum on Lancang-Mekong Local Government Cooperation and Dialogue between Historic and Cultural Cities of Lancang-Mekong Countries” သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံအနေဖြင့် ယူနန်ပြည်နယ်၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ချုံချင့်မြူနီစီပါယ်မြို့တို့နှင့် ပြည်နယ်အစိုးရခြင်း ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ လန်ချန်း -မဲခေါင် နိုင်ငံများရှိ ပြည်နယ်အစိုးရများအကြား ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ပြည်သူများအကြား ကူးလူးဆက်ဆံမှု၊ ယဉ်ကျေးမှုဖလှယ်မှု၊ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပိုမိုတိုးတက် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်သာမက မဲခေါင်ဒေသ ၅ နိုင်ငံတို့၏ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

အဆိုပါအခမ်းအနားသို့ Jiangxi ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး H.E. Mr. Xia Wenyong၊ Chinese People's Association for Friendship with Foreign Countries (CPAFFC) ဒုတိယ ဥက္ကဋ္ဌ Mr. Yuan Mindao၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ မြို့တော် ဝန်များ၊ ရန်ကုန်မြို့ ဒုတိယမြို့တော်ဝန် ဦးညီညီ ဉီးဆောင်ပြီး မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင် ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

 

Dialogue between Historic and Cultural cities of Lanchang-Mekong countries အစီအစဉ်၏ Session 2: Carrying Forward Traditional Culture for Cultural Innovation and Mutual Learning ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဒုတိယ မြို့တော်ဝန် ဦးညီညီ က လည်းကောင်း၊ Session 3: Developing Tourism Resources for Common Prosperity ခေါင်းစဉ်ဖြင့် မန္တလေးမြို့စည်ပင်သာယာရေး ကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမောင် တို့က ဆွေးနွေးခဲ့ကြပါတယ်။

 

#Local_News #လန်ချန်း-မဲခေါင်ဒေသ #ymg_mnn #Yangon_Media_Group