#Local_News
Published_ 21 November 2022
အခုရက်ပိုင်းအတွင်းမှာ မီးထွန်းဖို့လိုအပ်ချက်တွေရှိတဲ့အတွက် အားသွင်းမီးလုံးတွေနဲ့ ဆိုလာမီးလုံးတွေအဝယ်များလာပြီး ရောင်းအားတွေတက်လာတယ်လို့ အီလက်ထရော်နစ်ဆိုင်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
- Category: Myanmar
- Hits: 276
#Local_News
Published _ 21 November 2022
လက်ရှိအနေအထားအရ လျှပ်စစ်ဓာတ်အားချို့ယွင်းမှုတွေ ဖြစ်ပေါ်နေသည့်အတွက် အေးခဲပြီးရောင်းချရတဲ့ အအေးခန်းငါးဈေးကွက်ဟာ ပေါက်ဈေးထက်လျှော့ပြီး ရောင်းနေရတဲ့အနေအထားမျိုးတွေနဲ့ ကြုံနေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 296
#Local_News
Published_21 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၁ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထားပြီး ပြီးခဲ့နှစ်ထက် ၈ သန်းကျော်လျော့ကျထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 340
#DailyNews
Published _ 21 November 2022
၁။ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထား၊ ယမန်နှစ်ထက် ၈ သန်းကျော်လျော့ကျ
၂။ လျှပ်စစ်မီးပျက်တောက်မှုများနေ၍ အအေးခန်းငါးဈေးကွက် ဝယ်လိုအားကျဆင်းနေ
၃။ အားသွင်းမီးလုံးနှင့်ဆိုလာမီးလုံးများနယ်မှာရော ရန်ကုန်မှာပါရောင်းအားတက်
၄။ကိုလံဘီယာအမေဇုန်ဒေသတွင် တိုင်းရင်းသားလူမျိုးစုများ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်းအဖြစ်များလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 228
#Local_News
Published _ 21 November 2022
ဈေးကွက်တွင် မြေထောက်ပဲကို ဝယ်လက်တွေက ဝယ်ယူမှုများလာတာကြောင့် သုံးတင်းဝင်တစ်အိတ်လျင် ကျပ် ၂၄၀၀၀၀ ထိဈေးကောင်းရလာတယ်လို့ မန္တလေးကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 420
#Local_News
Published_21 November 2022
ခရီးသွားဝင်ရောက်လည်ပတ်မှု ပို၍များပြားလာရန်ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၏ ဒုတိယအကြိမ်မြောက် ဆောင်းဦးပွဲတော်ကို ယနေ့ နိုဝင်ဘာလ ၂၁ ရက်ကဖွင့်လှစ်ရာတွင် မဇင်ရပ်ကွက်မှ သံတွဲမြို့သို့ စက်ဘီးစီးအဖွဲ့က စက်ဘီးအလှစီး၍ ကွင်းဖွင့်ခဲ့ကာ ငပလီမြို့ရှိ Paradise Hotel ဟိုတယ်တွင်ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရခိုင်စည်တော်တီးခတ်ကာ ရခိုင်ရိုးအကများဖြင့် ဖွင့်လှစ်ခဲ့ပြီး သဲပန်းပုအလှပြခြင်း ၊ စက်ဘီးအလှစီးခြင်း၊ ကပြဖြေဖျော်ခြင်းများ အပြင် ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲတို့ကိုထည့်သွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲသို့ လူပေါင်း သုံးထောင်ကျော် တက်ရောက်ခဲ့ကြကြောင်း၊ယခုနှစ်တွင် လုံခြုံရေးကိစ္စများ ရှိနေသောကြောင့် တေးဂီတ ဖြော်ဖြေပွဲများ မပြုလုပ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ပထမဆုံး ကျင်းပခဲ့သော ငပလီကမ်းခြေဆောင်းဦးပွဲတော်ကို (၅) ရက်တိုင်တိုင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ယနေ့ နိုဝင်ဘာလ (၂၁) ရက် တစ်ရက်တည်းသာ ကျင်းပကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 370
#Local _News
Published _ 21 November 2022
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုပန်းခြံအနီးတွင် အသက် ၇၈နှစ်အရွယ်ရှိ အဖိုးအိုတစ်ဦးဟာ အိမ်ကနေထွက်လာပြီး မျက်စိ
လည်ကာ ကားတစ်စီးရဲ့နောက်ကိုပြေးလိုက်ရင်း ကတ္တရာလမ်းမပေါ် လဲကျသွားကြောင်း သတင်းရရှိသဖြင့် ရွှေမဉ္ဇူပရိဟိတကူညီရေးအ သင်းရုံးသို့ ရပ်ကွက်နေပြည်သူများမှ လာရောက်အကူညီတောင်းခံခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၂၁ရက် နံနက် ၁၁နာရီအချိန်တွင် ယင်းအဖိုးအိုသည် နေအိမ်ကနေလမ်းပျောက်နေပြီး အရှိန်ဖြင့်မောင်းနှင်လာသည့် ကားတစ်စီးရဲ့ အနောက်ကိုပြေးလိုက်ခဲ့သဖြင့် ချော်လဲကာ နှာခေါင်းကွဲဒဏ်ရာရရှိခဲ့ကြောင်း အသင်းမှ တာဝန်ရှိသူက YMG ကို ပြောခဲ့သည်။
"အဘကို ဒဏ်ရာရရှိတဲ့ နေရာတွေမှာ ရှေးဦးသူနာပြုစုနည်းတွေနဲ့ ပြုလုပ်ပေးပြီး အသင်းရုံးမှာခေါ်ယူစောင့်ရှောက်ထားပါတယ်။ အဘက စကား အမေးအမြန်းသိပ်မရတာကြောင့် မိသားစုနဲ့နေတဲ့နေရာကိုတော့ မသိရသေးဘူး။ အဘက ကျန်းမာရေးလဲ သိပ်မကောင်းတဲ့ပုံပေါက်နေပါတယ်။ မေးလို့ရသလောက်ကတော့ သူ့နာမ်မည်က ဦးမျိုးညွှန့်၊ ၇၈ နှစ် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်မှာ နေတယ်လို့တော့ပြောပါတယ်" ဟု ရွှေမဉ္ဇူပရဟိတလူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ဆိုသည်။
ယခုချိန်ထိ မိသားစုနှင့် ပြန်မတွေ့ရသေးဘဲ အသင်းမှ စောင့်ရှောက်ပေးလျှက်ရှိနေကြောင်းလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
- Category: Myanmar
- Hits: 378