ကျိုက်ထီးရိုးကို မနှစ်ကဒီလိုအချိန်မှာ ဘုရားဖူး(၄)သိန်းကျော်ခန့် ဝင်ရောက်ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ ထူးထူးခြားခြား ဘုရားဖူးဝင်ရောက်သူ(၅)သိန်းကျော်ဝင်ရောက်ပြီး ဘုရားဖူးဝင်ရောက်မှုတစ်သိန်းကျော် ပိုခဲ့တယ်။ သင်္ကြန်တွင်းမှာ တစ်ရက်ကို (၄)ထောင်ကျော်၊(၅)ထောင်ကျော်အထိ ဝင်ရောက်ခဲ့တယ်။
(ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့၊တာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 23 April 2024
#ကျိုက်ထီးရိုး #ဘုရားဖူး(၅)သိန်းကျော်ဝင်
#tthl #Yangon_Times
- Category: Myanmar
- Hits: 36
#Local_News
Published_ 23 April 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား ယနေ့တွင် Online Trading Platform မှ ထိုင်းဘတ် ၁၄ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဧပြီ ၂၃ ရက်နေ့၊ ယနေ့၌ နိုင်ငံခြားငွေကြေးဈေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၁၄ သန်း ရောင်းချပေးခဲ့ကြောင်း သိရပါသည်။
▪️ ထို့အပြင် မတ်လ၁၅ရက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို Online Trading Platform မှ အမေရိကန်ဒေါ်လာ ၅ သန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား အဆင်ပြေစေရန် အမေရိကန်ဒေါ်လာနှင့်ထိုင်းဘတ်များအား ဆက်တိုက်ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
#YMG/ NN #Yangon-Times
- Category: Myanmar
- Hits: 54
#Local_News
Published_ 23 April 2024
▪️ စာကြည့်တိုက်များကိုလှူဒါန်းမည့် စာအုပ်များကို မြန်မာ့စာတိုက်လုပ်ငန်းမှ အခမဲ့ပေးပို့လှူဒါန်းနိုင်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိရသည်။
▪️ ပြန်ကြားရေးဝန်ကြီးဌာနမှဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန(စာကြည့်တိုက်)များအတွက် စာအုပ်များပေးပို့လှူဒါန်းခြင်းကို မြန်မာ့စာတိုက်လုပ်ငန်းများတွင် အခမဲ့ပေးပို့လှူဒါန်းနိုင်အောင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
▪️ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်သူများစာဖတ်နှုန်းမြှင့်တက်စေရန်ရည်ရွယ်၍ တစ်ဘက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန(စာကြည့် တိုက်)များအတွက် စာအုပ်များ ပေးပို့လှူဒါန်းခြင်းကို မြန်မာ့စာတိုက်လုပ်ငန်းများတွင် အခမဲ့ပေးပို့ လှူဒါန်းနိုင်ကြောင်း ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
- Category: Myanmar
- Hits: 56
#Local_News
Published_ 23 April 2024
▪️ ၂၀၂၃ ခုနှစ်နှင့် ယင်းမတိုင်မီနှစ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲ/အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဧပြီလ(၂၃)ရက်၌ထုတ်ပြန်လိုက်ကြောင်းသိရသည်။
▪️ နေပြည်တော်နှင့် ရန်ကုန်ရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးများတွင် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအတွင်း လျှောက်လွှာလက်ခံ၍ တိုက်ရိုက်ထုတ်ပေးလျက်ရှိပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ရုံးပိတ်ထားမည်ဖြစ်သည်။
▪️ အောင်လက်မှတ် ထုတ်ယူရန်အတွက် လိုအပ်သည့် အချက်များမှာ အမည်၊ ခုံအမှတ်၊အောင်မြင်သည့်ခုနှစ် ၊မွေးသက္ကရာဇ်၊ စာစစ်ဌာန၊ ဖြေဆိုဘာသာတွဲ၊အဖအမည်၊ အမိအမည်တို့ပါဝင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင် သတ်မှတ်လျှောက်လွှာပုံစံ ဝယ်ယူ၍လျှောက်ထားရမည်ဖြစ်သည်။
▪️ လျှောက်လွှာပုံစံတွင် အပြာနောက်ခံ (၁.၅" x ၂") ဆိုဒ်ဓါတ်ပုံ ၃ ပုံနှင့်နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ တို့ဖြင့် ပူးတွဲ တင်ပေးရန်လိုအပ်သည်ဟုဆိုသည်။
▪️ ဓာတ်ပုံများကိုလည်း သတ်မှတ်အရွယ်အစား ဖြစ်ပြီး မျက်နှာ၊ နားရွက် ထင်ရှားပြတ်သားရမည်။ ဓါတ်ပုံ အရည်အသွေး ကောင်းမွန်ရမည်။ မူလမျက်နှာသွင်ပြင်ပျောက်ကွယ်စေနိုင်သည့် မိတ်ကပ်၊ သနပ်ခါး လိမ်းခြယ်ထားမှုမဖြစ်စေရပါ။ အမြင်သင့်လျော်သည့် ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုဖြစ်ရပါမည်။ ဓါတ်ပုံ နမူနာ ဖော်ပြပေးထားလည်းကြောင်းသိရသည်။
▪️ အဆိုပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဓါတ်ပုံများဖြင့် လျှောက်လွှာတင်သွင်းပါက လက်ခံ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းလည်းဖော်ပြထားသည်။
▪️ အထူးသတိပြုရန် အချက်များလည်းရှိပြီး ပထမအကြိမ်ထုတ်သည့် အောင်လက်မှတ်(မူရင်း)များကို ကိုယ်တိုင်/ကိုယ်စား ထုတ်ယူနိုင်ကြောင်း၊ အောင်လက်မှတ်ကို ကိုယ်စားလျှောက်ထားထုတ်ယူခြင်းဖြစ်ပါက ကျောင်းသား/သူ၏ မှတ်ပုံတင်မိတ္တူနှင့် ထုတ်ယူသူ မှတ်ပုံတင်မိတ္တူ ပူးတွဲ တင်ရမည်ဖြစ်ကြောင်း၊
▪️ အောင်လက်မှတ်/အမှတ်စာရင်း ထုတ်ယူမှုအထောက်အထားစိစစ်ရန် မှတ်ပုံတင်မူရင်း ပြသရမည်ဖြစ်ကြောင်း အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို အတတ်နိုင်ဆုံး နေ့ချင်းပြီးရအောင် ဆောင်ရွက်ပေးကြောင်း၊ သို့သော်တစ်ရက်တာအတွင်း လျှောက်ထားသည့် စောင်ရေသည် နေ့ချင်းပြီးမရနိုင်ပါက ရနိုင်သည့် ရက်ကို ပြန်လည် ချိန်းဆိုပေးကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။
▪️ လျှောက်ထားရန်နေရာများကတော့မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်https://goo.gl/maps/Kp9WZ73ghzRqni6p6နှင့် မြန်မာနိုင်ငံစာစစ်ဦးစီး ဌာန(ရုံးခွဲ)အမှတ်(၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ https://goo.gl/ maps/ 5opUAFGGPequyw1J7တို့၌ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
- Category: Myanmar
- Hits: 92
#Local_News
Publicshed 23 April 2024
▪️ ပြည်တွင်း၌ တစ်နှစ်လျှင်ဘိလပ်မြေတန်ချိန်ရှစ်သန်းကျော်ထုတ်လုပ်နေကြောင်း အမှတ်(၂)အကြီးစား စက်မှုလုပ်ငန်းမှ သိရသည်။
▪️ ထိုသို့ထုတ်လုပ်ရာတွင် လက်ရှိတွင် ဘိလပ်မြေစက်ရုံ(၁၁)ရုံလည်ပတ်ဆောင်ရွက်နေပြီး ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဘိလပ်မြေတန်ချိန် (၈ ဒသမ ၄၈၅)သန်း ထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြည်တွင်း၌ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၉ ရုံတည်ဆောက်ထားရာ စက်ရုံ ၁၉ ရုံလုံးသာ စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ခဲ့ပါက တစ်နှစ်လျှင် တန်ချိန် ၁၆ ဒသမ ၂၃ သန်းထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊၂၀၁၉ နှင့် ၂၀၂၀ နှစ်များ၏ ဘိလပ်မြေလိုအပ်ချက်ကိုအခြေခံ၍ စက်မှုဝန်ကြီးဌာန၏ ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံအတွင်း ဘိလပ်မြေလိုအပ်ချက်မှာ တန်ချိန်ပေါင်း ၉ ဒသမ ၉ သန်းခန့် နှစ်စဉ်လိုအပ်လျက်ရှိနေရာ လတ်တလောတွင်ထုတ်လုပ်နေသည့် ပမာဏမှာလည်း ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းနိုင်သည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။
#YMG/ NN #Yangon-Times
- Category: Myanmar
- Hits: 72
မေလ ၁ရက်ကစပြီး UID ကတ်ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် TBP နဲ့ BP လက်မှတ်ထုတ်ပေးတော့မှာဆိုတော့ ၂၁ရက်နေ့တစ်ရက်ထဲကို မူဆယ်မှာ UID ကတ်လျှောက်ဖို့ စာရင်းပေးသူ ၇၀၀၀ ရှိတယ်။ လူအရမ်းများတော့ မူးလဲတာတွေ ထိခိုက်ဒဏ်ရာရတာတွေပါဖြစ်တယ်။ မူဆယ်မှာက အခုစာရင်းအရဆိုရင် ၇လပိုင်းလောက်အထိ စာရင်းပြည့်နေပြီ ဒါကြောင့်အခြားမြို့နယ်တွေက သူတွေအနေနဲ့ တရုတ်နယ်စပ်ကို ဝင်မယ်ဆိုရင် မိမိဒေသကလဝကရုံးမှာ UID ကတ် တစ်ခါတည်းလုပ်ပြီးမှ လာရင်ပိုအဆင်ပြေပါမယ်။
#Local_News
Published_ 23 April 2024
#စမတ်ကတ်လျှောက်ထား #ယာယီနယ်စပ်ဖြတ်သန်းခွင့်
#YMG/LW #Yangon_Times
- Category: Myanmar
- Hits: 7
မေလ ၁ရက်ကစပြီး UID ကတ်ပါရှိမှသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် TBP နဲ့ BP လက်မှတ်ထုတ်ပေးတော့မှာဆိုတော့ ၂၁ရက်နေ့တစ်ရက်ထဲကို မူဆယ်မှာ UID ကတ်လျှောက်ဖို့ စာရင်းပေးသူ ၇၀၀၀ ရှိတယ်။ လူအရမ်းများတော့ မူးလဲတာတွေ ထိခိုက်ဒဏ်ရာရတာတွေပါဖြစ်တယ်။ မူဆယ်မှာက အခုစာရင်းအရဆိုရင် ၇လပိုင်းလောက်အထိ စာရင်းပြည့်နေပြီ ဒါကြောင့်အခြားမြို့နယ်တွေက သူတွေအနေနဲ့ တရုတ်နယ်စပ်ကို ဝင်မယ်ဆိုရင် မိမိဒေသကလဝကရုံးမှာ UID ကတ် တစ်ခါတည်းလုပ်ပြီးမှ လာရင်ပိုအဆင်ပြေပါမယ်။
#Local_News
Published_ 23 April 2024
#စမတ်ကတ်လျှောက်ထား #ယာယီနယ်စပ်ဖြတ်သန်းခွင့်
#YMG/LW #Yangon_Times
- Category: Myanmar
- Hits: 39