#LocalNews
Published _12 November 2022

 

ဘန်ကောက်မြို့ ဘန်ဘော်ဈေးအနီး အေကချိုင် ၈၉ လမ်းအတွင်းအခန်းတစ်ခန်းတွင် မြန်မာအမျိုးသမီးအား မုဒိန်းကျင့်သတ်ဖြတ်ခဲ့သူကို နိုဝင်ဘာလ ၁၁ ရက်တွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများကပြောသည်။

 

မုဒိန်းကျင့် သတ်ဖြတ်ခံရသော အသက် ၂၆ နှစ်အရွယ် မခင်မာဝင်း၏အလောင်းကို နိုဝင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းကတွေ့ရှိခဲ့ရသောကြောင့် သက်ဆိုင်ရာ ဘန်ခွန်ထီယန် နယ်မြေရဲစခန်းသို့ အကြောင်းကြားတိုင်တန်းခဲ့ရာ နိုဝင်ဘာလ ၁၁ ရက် ည ၁၁ နာရီခန့်အချိန်တွင် မုဒိန်ကျင့်လူသတ်သွားသည့် မြန်မာနိုင်ငံသား အောင်ကျော်ဝင်းဆိုသူကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျူးလွန်ခဲ့သည့် ၎င်းကိုယ်တိုင်က နိုဝင်ဘာလ ၈ ရက် ညတွင် အဆိုပါအမှု ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်သည့် ညက အခန်းတွင်းတစ်ဦးတည်းအိပ်နေသူ မခင်မာဝင်း အခန်းတံခါးအနီးရှိ မှန်ချပ်ကို ဖြုတ်ယူ၍ အခန်းဖွင့်ဝင်ရောက်ခဲ့ကာ မခင်မာဝင်းအား မုဒိန်းကျင့်ခဲ့ကြောင်း၊ ယင်းသို့ပြုလုပ်နေချိန်တွင် မခင်မာဝင်း နှင့် ရုန်းရင်ဆန်ခတ်ဖြစ်ရာ အခန်းတွင်းရှိ သစ်သားတုတ်ဖြင့် အကြိမ်များစွာရိုတ်နှက်ပြီး လည်းပင်းကို ညှစ်ကာ သတ်ဖြတ်ခဲ့ကြောင်း ဖြောင့်ချက်ပေးဝန်ခံထွက်ဆိုခဲ့ကြောင်းလည်း သိရသည်။

 

ကျူးလွန်သူ အောင်ကျော်ဝင်းမှာ ၎င်း၏မိန်းမနှင့်အတူ သေဆုံးသူမခင်မာဝင်းနှင့် အခန်းချင်းကပ်လျပ်နေသူဖြစ်ကြောင်းလည်း သိရသည်။

 

"ထိုင်းနိုင်ငံအတွင်းမှာ အမျိုးသမီးလေးတွေနေမယ်ဆိုရင် တစ်ယောက်တည်း အန္တရာယ်ရှိတယ်။နေမယ်ဆိုလည်း သေသေချာချာ ဂရုစိုက်ရမယ်။သတိနဲ့နေကြဖို့ ပြောချင်ပါတယ်"ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူက ပြောသည်။

 

ymg/mt
#Yangon_Media_Group