#Local_News
Published _12 November 2022

မူဆယ်မြို့နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကြား တွဲကားတိမ်းမှောက်၍ လူတစ်ဦး သံချောင်းပိသေဆုံးသွားကြောင်း နှလုံးလှပရဟိတ (မူဆယ်) အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

 

"မနေ့က နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်းက ဖြစ်တာဗျ၊မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကြာပေါ့၊ ကားက သံချောင်းတင်လာတဲ့ တွဲကားပါ၊ဒရိုင်ဘာ သေသွားတာပါ။ ကားပေါ်ပါလာတဲ့ သံချောင်းတွေပြန်ပိပြီးသေသွားတာပါ၊ စပါယ်ယာတော့မသေဘူး၊ နဖူးကနေဦးခေါင်းလန်သွားတယ်အနောက်ရောက်တဲ့အထိ၊ ဘယ်ဖက်ဝမ်းဗိုက်ပေါက်ထွက်သွားတယ်၊ ခြေထောက်တွေ၊ လက်တွေလဲရစရာမရှိဘူး"ဟု အဆိုပါ တာဝန်ရှိသူကပြောသည်။

 

သေဆုံးသူမှာ မန္တလေးတိုင်းဒေသကြီးအတွင်းက ဖြစ်ပြီး ယနေ့နိုဝင်ဘာလ ၁၂ ရက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group