#Local_News
Published _ 10 November 2022

 

ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် (Battery Eiectric Vehicle - BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

 

ပြည်ပမှ Completely Built Up- CBU စနစ်၊ Completely Knocked Down- CKD စနစ်နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ် (Road tractor for Semi-trailer)၊ယာဉ်မောင်း အပါအဝင် (၁၀)ဦး သို့မဟုတ် (၁၀)ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင်မော်တော်ယာဉ်(Bus) (Motor Vehicles for the transport of ten or more person includingthe driver)၊ကုန်တင်ယာဉ် (Truck)၊ လူစီးယာဉ်(Motor Vehicles for the transport of person)၊သုံးဘီးတပ်ယာဉ် (လူစီး) (Three-wheeled vehicles for transport of person)၊သုံးဘီးတပ်ယာဉ် (ကုန်တင်) (Three-wheeled vehicles for transport of Goods)၊ (ဆ) လူစီး နှစ်ဘီးတပ် လျှပ်စစ်မော်တော် ဆိုင်ကယ် (Electric Motorcycle)၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး ( Electric Bicycle)၊ လူနာတင်ယာဉ် (Ambulances)၊ ထောင်ကား (Prison Vans)၊ နိဗ္ဗာန်ယာဉ် (Hearses)၊ အပိုဒ်ခွဲ (က)မှ (ဋ)ထိပါ လျှပ်စစ်သုံးယာဉ်များနှင့် စပ်လျဉ်း၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၏ တင်သွင်းခြင်းအတွက် နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက် ပါရှိ သည့် လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ (ဥပမာ- အားသွင်းရုံဆိုင်ရာ ပစ္စည်းများ၊ အားသွင်းစနစ်ဆိုင်ရာပစ္စည်းများ)နှင့် စက်မှုဝန်ကြီးဌာန၏ တင်သွင်း ခြင်းအတွက် ထောက်ခံချက်ပါရှိသည့် ပူးတွဲစာရင်းပါ လျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်း (Spare Part) များကို မြန်မာနိုင်ငံတော်အတွင်း လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုနှင့် ဆက်စပ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက သိရသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် အဆိုပါ အခွန်လျှော့ချခြင်းမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်ထိ အကျိုးသက်ရောက်ကြောင်းလည်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#ymg/mt
#Yangon_Media_Group