#Local_News
Published_10 November 2022

 

ဆန်၊ ဆန်ကွဲ၊ ပြောင်းစသည့် လုပ်ငန်းတွေအပါအဝင် မြန်မာကုမ္ပဏီ (၆၀၀) ကျော်မှ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့-GACC ထံက မှတ်ပုံတင်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီတွေအနေဖြင့် ကုန်ပစ္စည်း (၁,၆၀၀) ကျော် တင်ပို့ရောင်းချရန် ရည်ရွယ်ထားပြီး စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ သီးနှံကာကွယ်ရေးဌာနခွဲ-Plant Protection Division က မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးနေကြောင်းသိရသည်။

 

လက်ရှိတွင် ပြည်တွင်းအခြေစိုက် ဆန်/ဆန်ကွဲတင်ပိုရောင်းချသည့် ကုမ္ပဏီ (၆၂) ခု၊ ပြောင်းတင်ပို့သည့် ကုမ္ပဏီ (၁၁၂)ခုနှင့် တစ်သျှူးငှက်ပျော တင်ပိုရောင်းချမည့် ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ (၃၂) ခုတို့ကို GACC က မှတ်ပုံတင်ခွင့် ပြုထားကြောင်း သိရသည်။

 

လက်ရှိတွင် GACC လမ်းကြောင်းမှတစ်ဆင့် ဆန်/ဆန်ကွဲ၊ ပြောင်းတို့ကို ပင်လယ်ရေကြောင်းမှတစ်ဆင့် စတင်တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။

 

#Ymg/STH
#Yangon_Media_Group