#LocalNews
Published _6 November 2022

 

ကရင်ပြည်နယ် ၊ ဘားအံမြို့၊ လှာကမြင် ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းတည်ဆောက်မှုအတွက် ကျပ်သန်းပေါင်း ၇၇၀၀ ကျော် ကုန်ကျခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ စာရင်းများကို အခြေခံကာ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

 

ယင်းကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျတ်တွင် (၇၇၆၆ ဒသမ ၂၂၄) ကျပ်သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှေ့ဘက်ပွဲကြည့်စင် (ပေ၄၄၀x၃၅ပေ)၊ အနောက်ဘက်ပွဲကြည့်စင် (ပေ ၄၈၀ x ပေ ၆၀)၊ တောင်ဘက်ပွဲကြည့်စင် (ပေ ၂၈၀ x ၃၅ ပေ)၊ မြောက်ဘက်ပွဲကြည့်စင် ( ပေ ၂၈၀ x ၃၅ ပေ)၊ Synthetic မီတာ ၄၀၀ ပြေးလမ်း၊ ဘောလုံးကွင်းတစ်ကွင်း၊ LED Score Boad တစ်ခုနှင့် အခြားဆက်စပ်သော တည်ဆောက်ရေးလုပ်ငန်းများပါရှိကြောင်းလည်းသိရသည်။

 

နိုဝင်ဘာလ ၅ ရက်က (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါ ဇွဲကပင် အားကစားကွင်းကို ဖွင့်လှစ်ခဲ့ကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံအသက် (၁၈) နှစ်အောက် အမျိုးသား၊အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ၊ အမျိုးသမီးလက်ဆင့်ကမ်းပြေးပွဲနှင့် အမျိုးသားအပြေးပြိုင်ပွဲတို့ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group