#LocalNews
Published _6 November 2022

 

အမှတ် (၄) ဓာတ်မြေသြဇာ စက်ရုံ (မြောင်းတကာ) နှင့် အမှတ် (၅) ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်) တို့မှ တစ်ရက်လျှင် ယူရီးယားဓာတ်မြေသြဇာတန် ၃၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိကြောင်း မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုလုက်ငန်းက သိရသည်။

 

အဆိုပါ ထုတ်လုပ်ရရှိသည့် ယူရီးယားဓာတ်မြေဩဇာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှတစ်ဆင့် တောင်သူလယ်သမားများလက်ဝယ် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းလည်း ယင်းလုပ်ငန်းက သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ်၊မြောင်းတကာကျေးရွာတွင်တည်ရှိသည့် အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)ကို လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်တွင် စတင်လည်ပတ်ခဲ့ကာ အဖျောက်နှင့် ညောင်တုန်းသဘာဝဓာတ်ငွေ့မြေကထွက်သည့် သဘာဝဓာတ်ငွေ့ကို အသုံးပြုနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

အမှတ်(၅)ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်)စက်ရုံသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အိုးဘိုကျေးရွာအနီးတွင်တည်ရှိပြီး ညောင်တုန်း-မအူပင် သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ဓာတ်မြေသြဇာထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group