#Local_News
Published_19 October 2022

 

နိုင်ငံခြားငွေလဲလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု၏ လုပ်ငန်းလိုင်စင်ကို ဗဟိုဘဏ်က ဖျက်သိမ်းလိုက်‌ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ဗဟိုဘဏ်ခွင့်ပြုလိုင်စင်ရရှိထားသည့် Thomas Khanno ကုမ္ပဏီသည် ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းတွေနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေကို ဖောက်ဖျက်ခဲ့‌ကြောင်းဗဟိုဘဏ်က ကြေညာထားသည်။

 

ယင်းသို့ဖောက်ဖျက်မှုကြောင့် လုပ်ငန်းလိုင်စင်ဖျက်သိမ်းလိုက်ခြင်းဖြစ်‌ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယင်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်ကလည်း တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေ လဲလှယ်ရေး ဆောင်ရွက်နေသည့် လူမှုကွန်ရက် စာမျက်နှာတွေကို အရေးယူဆောင်ရွက်နေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

 

#ymg/sth
#Yangon_Media_Group