#Local_News
Published _ 7 September 2022

 

စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် ကုဗပေ (၂)ထရီလီယံကျော်ရှိ ဓာတ်ငွေ့သိုက်တစ်ခုကို ဘင်္ဂလားပင်လယ်အော်အတွင်းတွေ့ရှိထားကြောင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရှေ့ဖျားစီးပွားရေးဖိုရမ် ၂၀၂၂ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

 

ယင်းကို မကြာမီတွင် စီးပွားဖြစ်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း၊ယင်းအပြင် အဆိုပါ ပမာဏထက်ပိုကြီးသည့် ဓာတ်ငွေ့သိုက်တစ်ခုကိုလည်း တူးဖော်နိုင်မည့် အလားအလာလည်း ရှိနေသေးကြောင်း၊ နောင်လာမည့် ၃ နှစ်အတွင်း မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့လိုအပ်မှုအခြေခံစက်မှုလုပ်ငန်းများ အားကောင်းလာမည်ဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား ဖိတ်ကြားကြောင်း၊ ကြေးနီ၊ သံ၊ ခဲမဖြူစသော သတ္တုများလည်း ကမ္ဘာ့ဈေးကွက်ထိတင်ပို့နိုင်လောက်သည်ထိ ရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက် ၅၁ ကွက် သတ်မှတ်ထားပြီး လုပ်ကွက် ၈ ကွက်မှ သဘာဝဓာတ်ငွေ့များ တွေ့ရှိထားသောကြောင့် ကာ ပြည်တွင်း၊ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယင်းအပြင် မဖော်ထုတ်ရသေးသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်များလည်း များစွာ ရှိနေကြောင်း ထည့်သွင်း ပြောကြားခဲ့သေးသည်။


#ymg/mt
#Yangon_Media_Group