Published 1 August 2022

အပြစ်မဲ့သေဆုံးသူများအတွက် များစွာစိတ်မကောင်းဖြစ်မိပြီး အကြမ်းဖက် တိုက်ခိုက်သူတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

နစကရဲ့ ၁၈လတာ ကာလ တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်တဲ့ မိန့်ခွန်းတစ်ရပ်ကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁ရက် မနက်က နိုင်ငံတော်ကိုပြောကြားရာမှာ ယခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မှ ၂၀၂၂ခုနှစ် ဇူလိုင် ၂၃ ရက်အထိ ၁၈ လတာနီးပါးအတွင်း တစ်နိုင်ငံလုံးမှာ လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/ သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ရဟန်း/သံဃာ/သီလရှင်တွေ၊ အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူတွေ၊ ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ်သား ၃,၄၈၃ ဦး သေဆုံး ခဲ့ပြီး ၃,၀၆၅ ဦး ဒဏ်ရာရရှိ၍ ၄၁ ဦး ပျောက်ဆုံးမှုရှိခဲ့ပါတယ် လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

အဲသလိုဖြစ်ပွားခဲ့တဲ့အထဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတွေမှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ၄,၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၂,၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးမှာ ၂,၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးမှာ ၁,၃၉၅ ကြိမ်တို့နဲ့ အများဆုံးဖြစ်ပွားခဲ့တဲ့အတွက် အဆိုပါ ဒေသတွေအတွင်း မူလအခြေအနေတွေအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရား ဥပဒေ စိုးမိုးမှုရှိအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ လည်း မိန့်ခွန်းမှာဖော်ပြထားပါတယ်။

“ အဆိုပါ ဒေသတွေအတွင်း မူလအခြေအနေတွေအတိုင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရား ဥပဒေ စိုးမိုးမှုရှိအောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တရား ဥပဒေ စိုးမိုးရေးအတွက် အလွန်အရေးကြီးတဲ့ မြို့နယ်အချို့မှအပ စစ်အုပ်ချုပ်ရေး မလုပ်ခဲ့ပါဘူး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးအာဏာသုံးရပ်ကို မည်သို့ပင် အပ်နှင်းထားစေကာမူ အခြေခံဥပဒေပါပြဋ္ဌာန်းချက်၊ တည်ဆဲဥပဒေများနှင့်အညီသာ ဆောင်ရွက်ပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

၊၁၈ လတာကာလအတွင်း မြန်မာ နိုင်ငံအတွင်းကို နည်းမျိုးစုံနဲ့ သွင်းယူခဲ့တဲ့ လက်နက်တွေနဲ့ အကြမ်းဖက်တွေနဲ့ ထိတွေ့ပစ်ခတ်မှုတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ လက်နက် ဟာ လက်နက်မျိုးစုံ ၆,၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅,၁၈၄ တောင့်နဲ့ လက်ပစ်ဗုံး/မိုင်း ၁၁,၇၁၅ လုံး သိမ်းဆည်းရမိခဲ့ပါတယ်။  အကြမ်းဖက်သူ ၆၂၃၆ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်လို့လည်း မိန့်ခွန်း အရသိရပါတယ်။

ymg/knl/