Published 3 July 2022

လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံကို ရောက်ရှိ‌နေတဲ့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ဇူလိုင်(၃)ရက် ဒီကနေ့မနက်ပိုင်းမှာ ပုဂံရွှေစည်းခုံဘုရားရှိ ချုအင်လိုင်းတန်ဆောင်း ပြန်လည်မွမ်းမံဖွင့်လှစ်ခြင်း အခမ်းအနားတက်ရောက်ခဲ့ကြောင်းသိရှရပါတယ်။

အဆိုပါအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် နစက နိုင်ငံခြားရေးဝန်ကြီးဌာ နဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်တို့က အမှာစကားတွေအသီးသီးပြောကြားကြပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ဖဲကြိုးဖြတ်ဖွင်လှစ်ပေးခဲ့ပါတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီနောက် မစ္စတာဝမ်ယိနှင့် အဖွဲ့ဟာ ချုအင်လိုင်းတန်ဆောင်းအတွင်း လှည့်လည်ကြည့်ရှုခဲကြပါတယ်။ အခမ်းအနား အပြီးမှာ မစ္စတာဝမ်ယိဟာ  သဗ္ဗညုပုထိုးတော်ကြီးကို သွားရောက်ခဲ့ကြကြောင်းလည်းသတင်းရရှိပါတယ်။