Published 2 July 2022

မြန်မာနိုင်ငံ ပုဂံမြို့တွင်ကျင်းပမည့်  (၇)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်းယီးရဲ့ အထူးလေယာဉ်ဟာ ဇူလိုင်(၂)ရက် ယနေ့ မွန်းလွဲပိုင်းက ညောင်ဦးလေဆိပ်ကို ဆိုက်ရောက်ပါတယ်။

မစ္စတာ ဝမ်းယီးကို နစက နိင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ တာဝန်ရှိသူတွေက ကြိုဆိုပြီး တည်းခိုရာ ဟိုတယ်သို့ ပို့ဆောင်ပေးခဲ့ကြကြောင်းသတင်းရရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ လန်ချန်း_မဲခေါင်ရဲ့ အခြားအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးတွေနှင့်အတူ မနက်ဖန် ဇူလိုင်(၃)ရက်နေ့မှာ မြန်မာနိုင်ငံ ပုဂံမှာကျင်းပမယ့်အစည်းအဝေးတက်ရောက်မှာ ဖြစ်ပြီး မြန်မာ နစကနိုင်ငံခြားဝေးဝန်ကြီးနှင့်လည်း သီးခြား တွေ့ဆုံဖို့ရှိနိုင်တယ်လို့ သတင်းအရင်အမြစ်တွေကပြောပါတယ်။

-ygm/knl