#LocalNews
Published- 24 Mar 2022
သထုံမြို့နယ်တွင် မြန်မာ-ထိုင်းနယ်စပ်ကိုပို့ ဆောင်မယ့်ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်းဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ကသိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၁၄၅/ ၆) အနီးတွင် ပဲခူးမှ မော်လမြိုင်ဘက်သို့ ရဲဝင်းအောင် (၃၀)နှစ် မောင်းနှင်ပြီး အောင်ဇေဦး(ခ)ကိုဦး(၂၃)နှစ် လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်နှင့် တာဝန်ခံသယ်ဆောင်သူ ဇော်ဇော်(၃၉)နှစ် မောင်းနှင်လာသည့် SUZUKI SWIFT မော်တော်ယာဉ် ၂ စီးတို့ အား သတင်းအရရှာဖွေရာ ၂၂ ဘီး တွဲယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁,၂၀၀ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

စစ်ဆေးဖော် ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်၊ မြဝတီ-ထိုင်း နယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

ymg/hm
#Yangon_Media_Group