#LocalNews
Published_ 24 March 2022
ရုပ်ရှင်ရုံများ ၂၀၂၂ ခုနှစ်၊ ဧပြီ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် ပြန်လည်ဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း နစကရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ် ကြောင်း ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတ်မှတ် ကြေညာခဲ့တဲ့အတွက် COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများ မှတစ်ဆင့် လျင်မြန်စွာ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ၏ ကျန်းမာရေးကို အလေးပေး ရှေးရှု သောအားဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရုပ်ရှင်ရုံများတွင် ရုပ်ရှင်ပြသခြင်းများအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆) ရက်နေ့မှ စတင်၍ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံ များနှင့်အညီ “ရုပ်ရှင်ပြသရာတွင်လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ် ချက်နှင့်အညီ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် လျာထားသည့် ရုပ်ရှင်ရုံ ၆၀ ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် ပြန်လည်ဖွင့်လှစ် ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများအပေါ် သုံးသပ်ချက်များအရ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနှင့် သေဆုံးမှုနှုန်း တို့မှာ သိသာစွာ ကျဆင်းလာကြောင်း တွေ့ရှိရပါတယ်။
#ymg_mnn
Yangon_Media_Group