Published 15 Feb 2022

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီ ၁၄ရက် တနင်္လာနေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကသူ့ရဲ့ အရိုက်အရာကို ဆက်ခံသူအဖြစ်ခန့်အပ်ခံထားရတဲ့ သူ့သားဖြစ်သူနှင့် တိုကျိမှာတွေ့ဆုံပြီး မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဂျပန်အရာရှိတွေကပြောပါတယ်။

ကမ္ဘောဒီးယားစစ်တပ်ရဲ့လက်ရှိ တပ်မှူးတစ်ဦးဖြစ်တဲ့ ဟွန်မန်နက်ဟာ ဖခင်ဖြစ်သူ ဟွန်ဆန်နှင့်အတူ ဇန်နဝါရီလတုန်းက မြန်မာနိုင်ငံကို အတူသွားရောက်ခဲ့သူဖြစ်ပါတယ်။ ဟွန်ဆန်ဟာ ပြီးခဲ့တဲ့နှစ်မြန်မာစစ်တပ်က အာဏာရယူပြီးနောက်ပိုင်း ပထမဆုံးလာရောက်တဲ့ နိုင်ငံခြားတိုင်းပြည်တစ်ပြည်ရဲ့ခေါင်းဆောင်တစ်ဦးပါ။

တိုကျိုမှာ ဟွန်မန်နက်နှင့်ပြောဆိုဆွေးနွေးခဲ့စဉ်အတွင်း  ဂျပန်နှင့်ကမ္ဘောဒီးယားတို့ရဲ့ ခိုင်မာတဲ့ဆက်ဆံရေးနှင့် သူတို့ရဲ့ မြန်မာနိုင်ငံနှင့်နီးကပ်စွာဆက်ဆံရေးတို့အပါအဝင် အခြားသော ဒေသဆိုင်ရာ အရေးကိစ္စတွေကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာရာရှီက ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘောဒီးယားဟာ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး မြန်မာအကျပ်အတည်းလျော့ကျသွားစေဖို့ အာဆီယံရဲ့ ကြိုးစားအားထုတ်မှုမှာ ဟွန်ဆန်က ဦးဆောင်ပေးနေပါတယ်။

ဟာရာရှီက ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကို ကောင်းမွန်တဲ့ကြိုးစားအားထုတ်မှုတစ်ခုအဖြစ် ချီးကျူးလိုက်ပါတယ်။

ဟွန်ဆန်ဟာ အာဏာကို ၃၆နှစ်စွဲကိုင်ရယူထားသူဖြစ်ပြီး ၂၀၂၈ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူးဆက်လက်ထမ်းဆောင်လိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်။သူ့သားဟွန်မန်နက်ကို သူ့အရိုက်အရာဆက်ခံသူဖြစ် ထောက်ခံအတည်ပြုပေးထားပါတယ်။

Source ABC News