#LocalNews
Published - 15 Feb 2022

ညောင်သုံးပင်ဆရာ တော်ဘုရားကြီး၏ ကြွင်းကျန်သောရုပ်ကလပ်ကို ဘန်ကောက်မှ မန္တလေးသို့ (ဖေ ဖော်ဝါရီလ ၁၇ ရက် (ကြာသာပတေးနေ့)တွင် စင်းလုံးဌား လေယာဥ်ဖြင့် ပြန်လည်ပင့်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ နေ့တွင်ပင် မန္တလေးမှ ဒါယိကာ၊ ဒါယိကာမများ၏ ဖူးမြော်အပူဇော်ခံပြီး မန္တ လေးမြို့ မှ တစ်ဆင့် မိုးကုတ်မြို့ ညောင်သုံးပင်ကျောင်းတိုက်သို့ နေ့ချင်းဆက်လက်ပင့်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်အား မိုးကုတ်မြို့ညောင်သုံးပင်ကျောင်းတိုက်၌ (၂)ပတ်တာ အဖူးမြော်ခံထားရှိကာ အန္တိမဈပနကို ကျင်းပပူဇော်သွားမှာဖြစ်ပြီး အစီစဉ်အသေးစိတ်ကို ထပ်မံကြေညာ အသိပေးသွားမယ်လို့ လည်း ဆရာတော်ဘုရားကြီး၏ ဒါယိကာ၊ ဒါယိကာမများထံမှ သိရပါတယ်။

မိုးကုတ်မြို့၊ ညောင်သုံးပင်သာမဏေကျော်စာသင်တိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်) အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိကဗဟုဇနဟိတဓရ ဆရာတော် ဒေါက်တာ
ဘဒ္ဒန္တတေဇောသာရ သက် တော်(၅၉)နှစ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ အသဲ ရောဂါ ကြောင့်ဆေးကုသမှုခံယူ နေစဥ် ဖေ ဖော်ဝါရီ ၁၄ ရက်၊ နံနက် (၁၂ နာရီ ၅၄ မိနစ်)အချိန်တွင် ဘဝနတ်ထံပျံလွန် တော်မူသွားခဲ့တာဖြစ်ပါတယ်။

Photo - Internet

ymg/kg
#Yangon_Media_Group