#Local_News
Published 26 May 2024

▪️၂၀၂၆ ခုနှစ်ကမ္ဘာ့ဖလားခြေစစ်ပွဲများကန်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက်ပဏာမ မြန်မာ့လက်ရွေးစင်ကစားသမား စာရင်းအား နည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာက ယနေ့ မေလ(၂၆)ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။ 

 

▪️ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် နိုဗိုတယ် ရန်ကုန် မက်စ် ဟိုတယ်တွင် မေလ ၂၈ ရက်မှ စတင်ကာ စခန်းဝင် လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။ 

 

▪️ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာမည့် ဇွန်လ ၆ ရက်နေ့ ညနေ ၆:၄၀ နာရီ၊ သု၀ဏ္ဏ အားကစားကွင်းတွင် ဂျပန်လက်ရွေးစင်အသင်းနှင့်လည်းကောင်း၊ ဇွန်လ ၁၁ ရက်၊ လာအိုနိုင်ငံတွင် မြောက်ကိုရီးယား လက်ရွေးစင် အသင်းနှင့် လည်းကောင်း ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၊ ဒုတိယအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

 

▪️ မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၊ ပထမအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားခဲ့ပြီးပြီဖြစ်ပြီး  ဒုတိယအဆင့်ပွဲစဉ်များအဖြစ် ဂျပန်အသင်းနှင့် အိမ်ကွင်းမှ စတင်ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times