#Local_News
Published 26 May 2024

▪️ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာအနီးရှိ မစောတံဝာားကို ယာယီပြုပြင်မှုများဆောင်ရွက်နေပြီး အိမ်စီးယာဉ်ငယ်များ စတင်ဖြတ်သန်းခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ ဖောက်ခွဲဖျက်စီးခြင်းခံရသည့် မစောတံတားမှ ကျိုးကျပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေသည့် (၈)ပေခန့် အကျယ် တံတားဘက်ခြမ်းအား  ပျဉ်ချပ်များခင်း၍ ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

▪️ "ဘီးလင်း မစောတံတား ရဲ့ မပျက်ဆီးခဲ့တဲ့အပိုင်း ကနေ အိမ်စီးကားငယ်တွေ သွားလာလို့ရပါပြီ။မစောတံတားဘေးမှာလည်း ယာယီမြေသားရှောင်ကွင်းလမ်းလုပ်နေပါပြီ။မေလ (၂၆) ရက်နေ့မှာ သွားလာလို့ရနိုင်ပါပြီ"ဟု  မွန်ပြည်နယ်ရှိလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးမှ ရေးသားဖော်ပြထားသည်။

 

▪️ မစောတံတားအား မေလ ၂၃ ရက်နေ့တွင် မိုင်းခွဲဖျက်ဆီးခံရသည့်အတွက် မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

▪️ အဆိုပါ ဖောက်ခွဲဖျက်စီးခြင်းခံရသည့်တံတားမှ ကျိုးကျပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေသည့် (၈)ပေခန့် အကျယ် တံတားဘက်ခြမ်းအား ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီမှ ပျဉ်ချပ်များခင်း၍ ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ မေ ၂၅ ရက်၊ နေ့လယ် ၁၂ နာရီချိန်တွင် ပြီးစီးခဲ့သည့်အတွက် ၁၂ နာရီ ၃၀ မိနစ်အချိန်မှစ၍ ဘီးလင်းဘက်မှ သထုံမြို့ဘက်သို့(၁) တန်အောက် အိမ်စီးယာဉ်ငယ်များ စတင်ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။

 

#tthl #Yangon_Times