#Local_News
Published_ 26 May 2024


▪️ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် မေ ၂၄ ရက်တွင် ကျင်းပခဲ့တဲ့ (၃၆)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

▪️ အစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး/အဆင့်မြင့်အရာရှိကြီး Mr. Sidharto R. Suryodipuro တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံဆိုင်ရာ အမေရိကန် အမြဲတမ်း ကိုယ်စားလှယ်/သံအမတ်ကြီး တို့ တက်ရောက်ခဲ့ကြပါတယ်။

 

▪️ အစည်းအဝေးတွင် “အာဆီယံ-အမေရိကန် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအကောင်အထည်ဖော်ရေး လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅) နှင့် “အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အကောင်အထည်ဖော်ရေး လုပ်ငန်းအစီအစဉ် နောက်ဆက်တွဲဆောင်ရွက်ချက်များ” နှင့်စပ်လျဉ်း၍ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများအပါအဝင် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

 

▪️ ထို့ပြင် ပင်လယ်ရေကြောင်း လုံခြုံရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ အစိမ်းရောင် စီးပွားရေးနှင့် သမားရိုးကျ မဟုတ်တဲ့ စိန်ခေါ်မှု များအားအဖြေရှာဆောင်ရွက်ရေး၊ နည်းပညာပိုင်း ဆိုင်ရာ မိတ်ဖက်ဆောင်ရွက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အခြေခံအဆောက်အဦနှင့် ရာသီဥတုပြောင်းလဲမှု စသည့်ကဏ္ဍများအပါအဝင် အာဆီယံ-အမေရိကန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက် ခိုင်မြဲစေရန်အတွက် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် နယ်ပယ်များနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ ကြပါတယ်။

 

▪️ မြန်မာသံရုံးယာယီတာဝန်ခံက မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် အာဆီယံတူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် လူသားချင်း စာနာမှုအကူအညီများကိစ္စအပါအဝင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Ymg_mnn #Yangon_Media_Group