#Local_News
Published 26 May 2024

▪️ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေရောင်းဝယ်၊လဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်‌နေသည့်လုပ်ငန်းများ၊Facebook Pageများနှင့် အင်တာနက်စာမျက်နှာ(၁၆)ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အ‌နေဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

 

▪️ အရေးယူခံရသည့် လုပ်ငန်း၊ Facebook Pageများနှင့် အင်တာနက်စာမျက်နှာများကတော့ ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင် ၊ Moe Latt၊ Si Thu & bro များ ၊ ရန်ကုန်ငွေဈေး ၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange ၊ ဒေါ်လာရောင်းဝယ်၊ December Snow ၊ June Lin Htet Naing၊ Htet Yan Money Exchange ၊ Global Value Services-GVS Money Exchange and Transfer ၊  Boss Online Money Exchange Services (Family Money Exchange) ၊ Lucky Sky Gold Smith (Facebook Page) ၊  Nay Myo Htet (Facebook Page) ၊ Gold Market Myanmar (Facebook Page) ၊ Ye Mon၊ Naing Lu စသည်တို့ဖြစ်သည်။

 

▪️ ဗဟိုဘဏ်အနေဖြင့် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ရောင်းဝယ်သူများအား အရေးယူဆောင်ရွက်ပြီး ဖြစ်သည့်အပြင် ပြည်ပမှအဝယ်၊အရောင်း ဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရန်ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

 

▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အ‌နေဖြင့် ယခုကဲ့သို့ အဖွဲ့အစည်းများအား တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း၊

 

▪️ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေး ထားပြီးဖြစ်သည့် နိုင်ငံခြားငွေလဲလှယ် ရောင်းချခွင့်ရှိသည့် ငွေရေးကြေးရေးအဖွဲ့အစည်းများဖြင့်သာ လဲလှယ်ရောင်းဝယ်ရန်အသိပေးကြောင်း၊

 

▪️ Facebook Pageများ၊အင်တာနက်စာမျက်နှာများ တွင် တရားမဝင်နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ် ဈေးကစားနေသူများအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ၃၈နှင့်၄၂အပြင် ပြည်သူအကျိုးထိခိုက်၍ရာဇသတ်ကြီးဥပဒေပုဒ်မဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

#tthl #Yangon_Times