#Local_News
Published 26 May 2024

▪️ တရုတ်နိုင်ငံတွင် တရုတ်ယူ-‌၂၀အသင်းနှင့် ခြေစမ်း ပွဲ(၂)ပွဲကစားမည့် မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းသည် တရုတ်နိုင်ငံ၊Xianghe မြို့တွင်မေ ၂၆ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့‌ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသိရသည်။

 

▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့အကြား ကြိုတင်ညှိနှိုင်းဆွေးနွေးမှုအရ မြန်မာအမျိုးသား ယူ-၂၀ ဘောလုံးအသင်းသည် တရုတ်အမျိုးသား ယူ-၂၀ ဘောလုံးအသင်းနှင့် လာမည့် မေ ၃၀ရက်နှင့် ဇွန် ၂ရက်တို့တွင် တရုတ်နိုင်ငံ၊ Xianghe မြို့၌ ကွင်းပိတ်ခြေစမ်းပွဲ (၂)ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

▪️ မြန်မာယူ-၂၀ ဘောလုံးအသင်းကို နည်းပြချုပ်အဖြစ်  ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက် ရှိပြီး အုပ်ချုပ်/နည်းပြ၊ ကစားသမား  စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းထားသည်ဟုဆိုသည်။

 

▪️ မြန်မာယူ-၂၀ ဘောလုံးအသင်းသည် ၂၀၂၄ခုနှစ် ဇူလိုင်လတွင် အင်ဒိုနီးရှားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အသက်(၁၉)နှစ်အောက် အာဆီယံအမျိုးသားဘောလုံးပြိုင်ပွဲနှင့် စက်တင်ဘာလမှာ ကျင်းပမယ့် အသက်(၂၀)နှစ်အောက် အာရှအမျိုးသားဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်များကို  ဝင်ရောက်ယှဉ်ပြိုင်ရန် ကာလရှည် စခန်းသွင်းလေ့ကျင့်နေခြင်းဖြစ်သလို ပြိုင်ပွဲများမတိုင်မီတရုတ်ယူ-‌၂၀ အသင်းနှင့် ခြေစမ်းပွဲကစားခြင်း ဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times