#Local_News
Published 26 May 2024


▪️ ယခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအောင်မြင်သည့် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်စုစုပေါင်း (၂၁၀၈၅)ဦးရှိကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

 

▪️ ပထမပြန်စာမေးပွဲတွင် ပထမကြီး၊ပထမလတ်၊ပထမငယ်တန်းနှင့်အခြေပြုမူလတန်းဆိုပြီး  ဖြေကြားကြခြင်းဖြစ်သည်။

 

▪️ ပထမကြီးတန်းတွင် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်‌ဖြေဆိုသူ ၆၄၆၈ဦးတွင် အောင်မြင်သူ ၈၅၀ဦး၊ပထမလတ်တန်းတွင် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်‌ဖြေဆိုသူ ၆၇၈၆ဦးတွင် အောင်မြင်သူ ၁၅၃‌၄ဦး၊ပထမငယ်တန်းတွင် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်‌ဖြေဆိုသူ ‌၁၂၇၉၅ဦးတွင် အောင်မြင်သူ ၅၁၉၃ဦး၊အခြေပြုမူလတန်းတွင် ရဟန်းသံဃာ၊သီလရှင်၊လူပုဂ္ဂိုလ်‌ဖြေဆိုသူ ‌၂၂၈၁၆ဦးတွင် အောင်မြင်သူ ‌၁၃၅၀၈ဦးရှိသဖြင့် စုစုပေါင်း ဖြေဆိုသူ၄၈၉၁၀ဦးတွင် အောင်မြင်သူ၂၁၀၈၅ဦးရှိကြောင်းသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

 

▪️ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အထူးအောင်မြင် သူများအဖြစ် ပထမကြီး၊ပထမလတ်၊ပထမငယ်တန်းနှင့်အခြေပြုမူလတန်းတို့တွင် ပထမ၊ဒုတိယ၊တတိယနှင့်သီလရှင်ပထမဆုရရှိသူစာရင်းနှင့် အောင်မြင်သူစာရင်းကို မေလ(၂၆)ရက်ထုတ်နိုင်ငံပိုင်သတင်းစာနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ website များ၌ဖော်ပြထားကြောင်း သိရသည်။

 

#tthl #Yangon_Times