#Local_News
Published 26 May 2024


▪️ ရန်ကုန်တိုင်းတွင်သဘာဝဘေးအတွက် ကူညီကယ် ဆယ်ရန်လူအင်အား (၃၀၅၆)ဦး၊ယာဉ်ယန္တရား (၆၄၆) စီးအသင့်ပြင်ထားပြီး လူအင်အား၊ယာဉ်နှင့်ယန္တရားအင်အားများကိုစုဖွဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။

 

▪️ ရန်ကုန်တိုင်းတွင် သဘာဝဘေးအန္တရာယ်ကာကွယ် ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်‌ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ လူအင်အားစုဖွဲ့ထားရှိမှု၊ မြေသယ်ယာဉ် ၂၁၀ စီး၊ ၁၂ ဘီးယာဉ် ငါးစီး၊ Loader (ဝန်ချီစက်) ၁၂ စီး၊ မြေတူးစက်ခြောက်စီး၊ ဒိုဇာ နှစ်စီး၊ ကရိန်း ၁၄ စီး၊ ရေသယ်ယာဉ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ၂၅ စီး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ၆၂ စီး၊ မီးသတ်ယာဉ် ၃၀၈ စီး၊ ဆီဘောက်ဆာနှစ်စီး စုစုပေါင်းယာဉ်ယန္တရား ၆၄၆ စီး၊ လူအင်အား ၃၀၅၆ ဦး စုဖွဲ့ထားရှိမှုများကိုရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင်များကို လိုက်လံရှင်းလင်း တင်ပြသည်။

 

▪️ အဆိုပါအဖွဲ့ဝင်များသည်သဘာဝဘေး အန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် လူ၊ ယာဉ်၊ ယန္တရားစုဖွဲ့ထားရှိမှုများကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် လှည့်လည်ကြည့်ရှု စစ်ဆေးကြခြင်းဖြစ်သည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က "သဘာဝဘေးအန္တရာယ်များသည် အဖျက်စွမ်းအားကြီးမားသည့် အတွက် အလွန်အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် နိုင်ငံတော် အစိုးရက အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ကြိုတင်သတိပေးချက်များကို ပြည်သူလူထုထံသို့  အစောဆုံး ထုတ်ပြန်ကြေညာနိုင်လေ လူ့ အသက် အိုးအိမ်၊ စည်းစိမ်ဥစ္စာများ ဆုံးရှုံးမှု လျော့နည်းလေဖြစ်၍ စနစ်တကျ စီမံဆောင်ရွက်ထားရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက် မည်ဟုသိရှိရပါက ပြည်သူလူထုတစ်ရပ်လုံးအား တာဝန်သိစိတ် ကိုယ်စီဖြင့် နိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးနှိုးဆော်သွားနိုင်ရေး စနစ်တကျဆောင်ရွက်သွားရန်"ပြောကြားခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times