#Local_News
Published_ 24 May 2024
▪️ တိုင်းရင်းသားများ၏ရိုးရာဝတ်စုံများကို အိမ်နီးချင်းနိုင်ငံများက ကူးယူရက်လုပ်ခြင်း၊ စက်ဖြင့် ထုတ်ခြင်းများကိုကျယ်ပြန့်စွာဆောင်ရွက်နေသည်ကိုတွေ့ရသဖြင့် မြန်မာနိုင်ငံမှ မူပိုင်ခွင့်ရရှိ အောင်ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

 

▪️ ယင်းကဲ့သို့ မူပိုင်ခွင့်ဆောင်ရွက်နိုင်ရန်အတွက် ကနဦးအနေဖြင့် တိုင်းရင်းသားရှစ်မျိုး၏ အမျိုးသား၊ အမျိုးသမီးနေ့စဉ်သုံးဝတ်စုံနှင့် အခမ်းအနားသုံး ဝတ်စုံတစ်မျိုးစီကို အမြန်ပြုစုတင်ပြနိုင်ရေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။

 

▪️ ယင်းကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်းကို မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသား ဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ‘‘တိုင်းရင်းသား ဝတ်စုံများနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် အဓိကတိုင်းရင်းသား ရှစ်မျိုး၏ နေ့စဉ်သုံးဝတ်စုံနှင့် အခမ်းအနားသုံးဝတ်စုံတစ်မျိုးစီကို မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေးသို့ အချိန်မီတင်ပြနိုင်ရေး ဆောင်ရွက်ရန်အချက်သည် အဓိကကျသည့် အချက်ဖြစ်ကြောင်း၊

 

▪️ သတ်မှတ်တင်ပြရာတွင် အသုံးပြုမည့်အထည်စ၊ ဒီဇိုင်း၊ အရောင်၊ တွဲဖက်အဆင်တန်ဆာများ စသည်တို့ကိုအသုံးပြုရသည့် အဓိပ္ပာယ်၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အသေးစိတ်တို့ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သက်ဆိုင်ရာ ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကျွမ်းကျင် ပညာရှင်များ၏ အဆုံးအဖြတ်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အတည်ပြုမှုနှင့်အတူ ဆွေးနွေး တင်ပြစေလိုကြောင်း။

 

▪️ ယဉ်ကျေးမှုရေစီးကြောင်းအရ မိမိတို့နိုင်ငံက အလွန်တန်ဖိုးရှိ လှပပြီးသမိုင်းကြောင်းရှည်လျားသည့် တိုင်းရင်းသားများ၏ ရိုးရာဝတ်စုံများကို အိမ်နီးချင်းနိုင်ငံများက ကူးယူရက်လုပ်ခြင်း၊ စက်ဖြင့်ထုတ် ခြင်းတို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်နေကြသည်ကို တွေ့နေရကြောင်း၊ သို့ဖြစ်၍ တင်ပြအတည်ပြု ချက်များနှင့်အတူ မူပိုင်ခွင့်ရယူနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖိတ်ကြားထားသူက ဆွေးနွေးပေးစေလိုကြောင်း”ပြောကြားခဲ့ကြောင်း သိရသည်။

 

#tthl #Yangon_Times