#Local_News
Published 24 May 2024

▪️ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ကျင်းပမည့် CAFE SHOW CHINA 2024 ပြပွဲတွင် မြန်မာ့ကော်ဖီပါဝင်ပြသရန်ဖိတ်ခေါ်ထားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ အဆိုပါ  CAFE SHOW CHINA 2024 ပြပွဲကို ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်မှ စက်တင်ဘာလ (၁) ရက်အထိ  ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း  သိရသည်။

 

▪️ ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် CAFE SHOW တွင် သံရုံးများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူအသင်းအဖွဲ့များနှင့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်ကျင်းပပြုလုပ်မည့်ပွဲ ကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံကော်ဖီအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၏ အမည်စာရင်းအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ  သို့ ဇူလိုင်လ(၁)ရက် (တနင်္လာနေ့) နောက်ဆုံးထားပြီး ပေးပို့နိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times