Published 22 April 2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၀)ရပ်ကွက်၊ ရတနာနှင်းဆီအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်း အရှေ့ပိုင်းခရိုင်မီးသတ်တပ်ဖွဲ့ ထံ မှ သိရသည်။

ဧပြီ ၂၂ရက် မွန်းတည့် ၁၁နာရီ ၃၇မိနစ် က လောင်ကျွမ်းခြင်းဖြစ်ကာအရှေ့ပိုင်းခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးနှင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

""၁၃လွှာမှာလောင်တယ်လို့ကြားတယ် အထပ်မြင့်ဆိုတော့ လှေကားအမြင့်ပါတဲ့ မီးသတ်ကားတွေနဲ့ငြိမ်းသတ်နေရတယ် လူထိခိုက်ဒဏ်ရာရတယ်တော့ မကြားမိသေးဘူး""ဟု အနီးနားနေထိုင်သူတစ်ဦးကပြောသည်။

မီးသတ်တပ်ဖွဲ့များ၏ မီးငြိမ်းသတ်မှုကြောင့် ၁၁နာရီ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၁နာရီ ၅၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်သည့် အကြောင်းရာနှင့် ဆုံးရှုံ မှု တန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Yangon_Times/ LW
#Local_News
#Published_ 22 April 2024
#YMG_News #Yangon_Times #Yangon_Media_Group