၂၂ ဧပြီ ၂၀၂၄

မြဝတီအနီးတစ်ဝိုက် တိုက်ပွဲတွေ မရှိတော့တဲ့အတွက် မဲဆောက်မှာရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ နေရပ်ပြန်သွား ကြလို့ စစ်ဘေးရှောင် အရေအတွက်ဟာ တနင်္ဂနွေနေ့က ၃၀၀၀ဦးခန့်ရှိခဲ့ရာမှ ယခုဆို ၁၀၀၀ဦးခန့်ပဲကျန်ရှိတော့တယ်လို့  ထိုင်း  စစ်ဒေသအမှတ်(၃) တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန် ဆေအင်ဆီရီယက် ကပြောတယ်လို့ ဘန်ကောက်ပို့စ်က သတင်း     ဖော်ပြပါတယ်။

ပဋိပက္ခမှာပါဝင်တဲ့ နှစ်ဘက်တပ်တွေဟာ အခုဆို ဆွေးနွေးညှိနှိုင်းမှုတွေစတင်လုပ်ဆောင်နေပြီး မြန်မာအစိုးရရဲ့ စစ်ကူ       တပ်တွေဟာ ကော့ကရိတ်ကနေ မြဝတီကိုမရောက်သေးဘူးလို့လည်း သူက ထိုင်း ပီဘီအက်စ်သတင်းဌာနကိုပြောပါတယ်။

စစ်ပွဲရှောင်လာကြတဲ့ မြဝတီက လူတော်တော်များမျာဟာ ယခုဆိုရင် မဲဆောက်ကနေ အိမ်ကိုပြန်နေကြပြီဖြစ်ပါတယ်။

အမှတ်(၁)ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားဟာ ခြေလျှင်သွားသူတွေနှင့် စီးပွားရေးလုပ်ငန်းသုံးယာဉ်တွေအတွက် ဆက်လက် ဖွင့်ပေးထားပါတယ်။

ဒေသ(၃) စစ်တိုင်းအနေနှင့် နယ်စပ်တလျောက်အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး မဲဆောက်က အိမ်တစ်လုံး ပေါ် ကျည်ဆံကျလို့ လောလောဆယ်ကန့်ကွက်မှုပြုလုပ်ထားတယ်လို့လည်းဒေသတိုင်းမှူးက ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

@ymg/knl