#Local_News
Publicshed 20 April 2024

▪️ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကိုလာမည့်လအတွင်း အွန်လိုင်းမှ စတင်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

 

▪️ ရန်ကုန်အဝေးသင် တက္ကသိုလ်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် ပထဝီဝင်ဌာနမှ ကြီးမှူး၍Post Graduate Diploma in Geography of Tourism
ခရီးသွားလုပ်ငန်းဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းကို မေလ (၂၃) ရက်တွင် တတိယအကြိမ်မြောက်အဖြစ် အွန်လိုင်းမှဖွင့်လှစ်သင်ကြားရန် စီစဉ်နေခြင်းဖြစ်သည်။

 

▪️ အဆိုပါ  သင်တန်းတက်ရောက်လိုသူများအနေဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဝက်ဆိုဒ်မှတဆင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကာ ဧပြီ (၂၅) ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း၊ ယင်းသင်တန်းသည် တစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းသားဦးရေကန့်သတ်ထားကာ သင်တန်းတက် ရောက်ခွင့်ရသူများအား Email ဖြင့် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ဘွဲ့လွန်ဒီပလိုမာ သင်တန်းတက်ရောက်ရန်လျှောက်ထားလိုသူများသည်  တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများဖြစ်ရန်လိုအပ်သည့်အပြင်  အစိုးရဌာနများ၊ NGO အဖွဲ့များမှ ဘွဲ့ရဝန်ထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများမှ ဘွဲ့ရဝန်ထမ်းများ ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်နေသော ဘွဲ့ရသူများနှင့် ဘွဲ့ရ Tourist Guide များလျှောက်ထားနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon-Times