#Local_News
Published 20 April 2024


▪️ နေပြည်တော် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၆/၄) နှင့် (၃၃၆/၅)ကြားတွင် ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှော-က်ကာ ယာဉ်ပေါ်ပါသူများအနက်မှ အမျိုးသားတစ်ဦး​ေ-သဆုံးကာ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရသည်။



▪️ ဧပြီ (၁၉)ရက် ၊ ည (၁၀)နာရီ (၁၅) မိနစ်အချိန်ခန့်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၆/၄) နှင့် (၃၃၆/၅)ကြား ယာဉ်တိမ်းမှော-က်မှုဖြစ်ပွားကြောင်း သတင်းအရ စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသာယ(၄)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၇)ဦးအနက် ကျား(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား(၁)ဦး(သေဆုံး) နှင့် အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#YMG/LW #Yangon Times