#Local_News
Published 9 April 2024


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက်အရသိရသည်။

 

ဧပြီ ၉ ရက် နံနက် ၁၀ နာရီ ၂၀မိနစ် အချိန်ကလောင်ကျွမ်းခဲ့သဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်း၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းနှင့် တာမွေမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀နာရီ ၂၄မိနစ် အချိန် တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

"မီးငြှိမ်းသတ်မှုနိုင်ခဲ့တဲ့အတွက် မီးစလောင်တဲ့ နေအိမ်တစ်လုံးပဲ လောင်ကျွမ်းခဲ့တာပါ အခြားနေအိမ်တွေကို မကူးစက်ခဲ့ဘူး လူထိခိုက်ဒဏ်ရာရရှိတာလဲ မရှိပါဘူး"ဟုသွားရောက် ကူညီပေးခဲ့သည့်ရှင်သန်ရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးကပြောသည်။

 

မီးလောင်သည့် အကြောင်းရာနှင့်ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #စက်ဆန်းရပ်ကွက် #မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times