#Local_News
Published_ 09 April 2024


အခုရက်ပိုင်းအတွင်း နေ့အပူချိန်များပြင်းနေသော်လည်း သင်္ကြန်နီးချိန် နောက်နှစ်ရက် အတွင်းဒေသ(၇)ခု၌ မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ဧပြီ(၉)ရက်ညနေပိုင်းတွင် ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာခိုင်နှုန်း ၈၀ရှိသည်ဟုဆိုသည်။

 

ဧပြီ(၁၀)ရက်နှင့်(၁၁)ရက်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်သည်ကြောင်း သိရသည်။

 

ကချင်အစရှိသည့်မြန်မာနိုင်ငံအထက်ပိုင်းတွင်မိုးရွာသွန်းမှု၊မိုးသီးကြွေမှုများရှိခဲ့ပြီးမြန်မာနိုင်ငံအောက်ပိုင်းဒေသများ၊ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအစရှိသည့်မြစ်ဝကျွန်းပေါ်ဒေသများတွင်မိုးရွာသွန်းရန်လိုအပ်နေပြီး ယခုရက်ပိုင်း အတွင်းမြန်မာနိုင်ငံအောက်ပိုင်းနှင့်မြစ်ဝကျွန်းပေါ်ဒေသအချို၌မိုးရွာရန်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

#Local_News #နောက်နှစ်ရက်အတွင်းဒေသ(၇)ခု #မိုးရွာမည် #tthl #Yangon_Times