#Local_News
Published_ 16 March 2024


ရန်ကုန်တိုင်းတွင် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်နေ၍ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး  အချိန်နှင့်တစ်ပြေးညီကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ၏ထုတ်ပြန်ချက်အရသိရသည်။

 

ထုတ်ပြန်ချက်တွင် မတ်လ(၁၆)ရက် (၁၅:၃၃) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်ပေါ် သွားပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အား ပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး  အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။

 

တာမွေမြို့နယ် YESC ကလည်း မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးပန်ကြားခြင်း (၁၆.၃.၂၀၂၄)ရက်နေ့  (၁၅:၃၀)ခန့်အချိန်တွင် SystemBreakdown ဖြင့် တာမွေတစ်မြို့နယ်လုံးဓာတ်အားပြတ်တောက်နေပါကြောင်း အသိပေးပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။

 

သင်္ဃန်းကျွန်းမြို့နယ် YESC က လည်း 16-3-24(15:30)SYSTEM BREAK DOWN ဖြစ်ပေါ်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ် ယာယီဓာတ်အားပြတ်တောက်နေကြောင်း ဖော်ပြထားသည်။

 

#Local_News #ဓာတ်အားစနစ်ချို့ယွင်းမှု #ယာယီဓာတ်အားပြတ်တောက် #tthl #Yangon_Times