#Local_News
Published_ 16 March 2024


ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော်ကျင်းပနိုင်ရေးအတွက် မြို့တော်ခန်းမရှေ့၌ မဟာသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင် ရွက်လျက်ရှိကြောင်းရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

 

ယင်းကဲ့သို့လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများက မတ်လ(၁၅)ရက်တွင်ကြည့်ရူစစ်ဆေးခဲ့သည်။

 

ရန်ကုန်မြို့တော် မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပနိုင်ရေးအတွက် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တည်ဆောက်နေမှုလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး မဏ္ဍပ်များကြံခိုင်ကောင်းမွန်အောင်တည်ဆောက်ရေး၊ ယာဉ်သွားလာမှုအနှောင့်အယှက်မဖြစ်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#Local_News #သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ် #ရေကစားမဏ္ဍပ်တည်ဆောက်ရေး #tthl #Yangon_Times