#Local_News
Published_ 16 March 2024


၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုကို ပိုက်ကျော်ခြင်းအားကစားသမားမောင်ဇင်ကိုကိုနှင့်မသန်စွမ်း‌ ပြေးခုန်ပစ်အားကစားသမားမစိန်ဖော့တို့ရရှိခဲ့ကြောင်းသိရသည်။

 

တစ်နှစ်တာအတွင်း အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခု စုစု ပေါင်း  ရွှေ(၂)ဆု၊ငွေ(၁)ဆု၊ကြေး(၁)ဆုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ မောင်ဇင်ကိုကို ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင်အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့ကိုလည်း ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုချီးမြှင့်ခဲ့သည်။

 

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား/ အမျိုးသမီးအားကစားသမားဆုများကိုပေးအပ်ရာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်တစ်ခုရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားနည်းမှ မောင်ဇင်ကိုကိုနှင့် အရှေ့တောင်အာရှအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခု ဆွတ်ခူးရရှိခဲ့သည့် မသန်စွမ်းအားကစားအဖွဲ့ချုပ် ပြေးခုန်ပစ်အားကစားနည်းမှ မစိန်ဖော့တို့ကို ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၂၀ စီ ပေးအပ်ချီးမြှင့်ခဲ့သည်။

 

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multi-purpose Hall ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

#Local_News #'အကောင်းဆုံးအားကစားသမားဆု' #ပြေးခုန်ပစ်ကစားသမားမစိန်ဖော့ #tthl #Yangon_Times