Published_ 6 March 2024

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ နယ်စုံမှ ခရီးသွားများလာရောက်အပန်းဖြေလေ့ရှိပြီး ရန်ကုန်တိုင်းမှ ခရီးသွားအများဆုံး လာရောက်လည်ပတ်လျှက်ရှိကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

အဆိုပါ ငွေတောင်ကမ်းခြေသို့လစဉ် ခရီးသွားဧည့်သည် သုံးသောင်းကျော်လာရောက် လည်ပတ်လေ့ရှိကာ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်အထိ ခရီးဦးရေ ၃၆,၅၅၅ လာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။

ထိုသို့လာရောက်လည်ပတ်ရာတွင် ဇန်နဝါရီလကယလတူကထက်ခရီးသွား ပိုမိုဝင်ရောက်ခဲ့ပြီး သက်ဆိုင်
ရာမှလည်းခရီးသွားများ လုံခြုံစိတ်ချစွာအပန်းဖြေနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ငွေတောင်ပင်လယ်ကမ်းခြေသည်  ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင် ဆံတော်ရှင်မြတ် မော်တင်စွန်းဘုရားပွဲတော် ကာလအတွင်း  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ အပန်းဖြေသူများ၊ ရေလှိုင်းစီးသူများ၊ ကျောက်ဆောင်များတွင် အလှဓာတ်ပုံ ရိုက်သူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group