Published 6 March 2024

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာကားမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်း ထုတ်ပြန် ချကိအရ သိရသည်။

မတ်လ ၆ရက် နံနက် ၆နာရီ ၃၅မိနစ်က ဖြစ်ပွားခဲ့ကာ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၅)စီး၊ ယင်းတော်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇ နာရီ၃၀မိနစ်အချိန်မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဘောက်ဆာ ကားသည် စက်သုံးဆီ ဆိုင် တစ်ခုသို့ ဆီဖြည့်ရန်လာရာမှ ဆီဆိုင်အနီးတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 6 March 2024
#YMG_News #Yangon_Times #Yangon_Media_Group