၂၁ ဖေဖော်ဝါရီ ၂၀၂၄

နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် အိန္ဒိယ တပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မည့်ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိနေတဲ့ အိန္ဒိယတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ဖေဖော်ဝါရီ၂၁ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ၌ ယင်းကိစ္စရပ်များကို  ဆွေးနွေးခဲ့ကြတာ  ဖြစ်ပါ တယ်။

ထိုသို့တွေ့ဆုံကြရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ ၊နှစ်နိုင်ငံနယ်စပ်   ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့်အတူ အိန္ဒိယစစ်သံမှူး ဗိုလ်မှူးကြီး Jaswinder Singh Gill နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။

@ymg/knl