၃၁ ဇန်နဝါရီ ၂၀၂၄

နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်  သတ်မှတ်လိုက်ကြောင်းနစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

ယနေ့ဇန်နဝါရီ (၃၁)ရက်နေ့တွင် နေပြည်တော် နစက ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင်ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄)တွင် သက်တမ်း(၆)လတိုးကြောင်း ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံသက်တမ်း တိုးထားသည့် ၆ လ တာကာလအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး  တာဝန် များထမ်းဆောင်ခဲ့မှုအခြေအနေများ၊ အချို့တိုင်းရင်းသားလက်နက်ကိုင်  အဖွဲ့ အစည်းများရှိနယ်မြေများ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့မှုအခြေအနေများ၊တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများ၌ မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်မှုများရှိခြင်းကြောင့်

နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပညာရေးကဏ္ဍမြှင့်တင်ရေးအတွက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံအားတည်ငြိမ်အေးချမ်းသည့်ပုံမှန်အနေအထား၊သာမန်အနေအထားသို့ရောက်အောင် ဆက်လက်  ဆောင်ရွက်ရန်လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်အခြေအနေ  မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့်အချက်များကို အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီတာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် အခြေအနေများနှင့်ပတ်သက်၍ တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။

အဲဒီနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ . အထူးဖိတ်ကြားထားသူများကဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြပြီး ထပ်မံ၍ ၆ လသက်တမ်းတိုးမြှင့်ရန်အတွက်ထောက်ခံ ဆွေးနွေးတင်ပြခဲ့ကြတာဖြစ်ပါတယ်။

အစည်းအဝေးတွင်ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ များအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ  အဖွဲ့ဝင်များအားလုံး၏သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေ အနေကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကိုအမျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါတယ်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်  ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊အထူးဖိတ်ကြား ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး တို့ တက်ရောက်ခဲ့ကြပါတယ်။

@ymg/knl