၃၀ ဇန်နဝါရီ ၂၀၂၄

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကို နစက ဥပဒေအမှတ်၁၅/၂၀၂၄ ဖြင့် ယနေ့ ၂၀၂၄ခုနှစ်ဇန်နဝါရီ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ဥပဒေအရ ၂၀၂၃ခုနှစ် ဇန်နဝါရီ (၂၆)ရက်တွင်ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ   မှတ်ပုံတင်ခြင်း ဥပဒေပါ ပုဒ်မ(၂) ပုဒ်မခွဲ(ဆ)၊ပုဒ်မ ၅ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ(ဇ)၊ပုဒ်မ ၁၇နှင့် ပုဒ်မ ၁၉ တို့ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ပြင်ဆင်ချက်အရ ကြားဖြတ်ရွေးကောက်ပွဲ အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် “ ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်းတစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲရွှေ့ဆိုင်းထားရ

ခြင်းကြောင့်ဖြစ်စေ” ဟူသော မူလဥပဒေပုဒ်မ၂ ပုဒ်မခွဲ(ဆ)ပါ စကားရပ်ကို ချပ်လှပ်ထားခဲ့ကြောင်း   တွေ့ ရပါတယ်။

ထို့အပြင် “ရက်ပေါင်း ၉၀” နှင့် “ရက်ပေါင်း ၁၈၀”ဆိုသည့် စကားရပ်များကိုလည်း အစားထိုးခဲ့ပြီး ပြည်ထောင်စုအဆင့်ပါတီများ အတွက် ပါတီဝင်လိုအပ်ချက်ကို ဦးရေ၁၀၀၀၀၀(တစ်သိန်း)မှ ၅၀၀၀၀ (ငါးသောင်း) သို့လျှော့ချ ပေးခဲ့ပါတယ်။ ပါတီရုံးခန်းဖွင့်ရန်လည်း မြို့နယ်အားလုံး၏အနည်းဆုံး ထက်ဝက်အစား အနည်းဆုံးသုံးပုံတစ်ပုံ သို့လျှော့ချပေခဲ့ပါတယ်။

ပုဒ်မများနှင့်ပုဒ်မခွဲအလိုက်ပြင်ဆင်ခြင်းများကို ရှင်းလင်းစွာသိစေနိုင်ရန်အတွက် ဇယားကားချပ်များဖြင့် YMG က ပူးတွဲတင်ပြပေးထားပါတယ်။

@ymg/knl